အသက်ရှည်ကျန်းမာသောဘဝကိုပိုင်ဆိုင်ချင်လျှင် ဆီဖြင့်အားလုပ်ကျင်းပါ

အသက်ရှည်ကျန်းမာသောဘဝကိုပိုင်ဆိုင်ချင်လျှင် ဆီဖြင့်အားလုပ်ကျင်းပါ

ကျန်းမာရေး လက်ဆောင်ကိုယ်တိုင်အုန်းဆီ ခဏငုံထားပြီးမှအာလုတ်ကျင်းလုပ်လာတာ ကြာပြီ အင်မတန်အကျိုးများလှပါတယ်နော် အရမ်းမှန်ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါပဲ။

ကိုယ်သွားဖုံးအပြည်တည်ပြီးအပြည်ပေါက်တော့ကျောက်ကပ်ကမခံမရပ်နိုင်နာတယ်ယောင်တယ် ဆီးလဲသွားလို့ခက်လာတယ်သိပ်မထွက်တော့ဘူး စနေနေ့ကသွားလဲထွက်သွားရောခဏနေယူပစ်လိုက်သလိုနေသာထိုင်သာရှိသွားတာခုထိကျောက်ကပ်ကဘာမှမဖြစ်သလိုဒူးနာတာပါသက်သာလာခဲ့ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ။

ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုးများတန်ဖိုးထားရပါသောမိတ်ဆွေများအားမိမိတို့၏ခံတွင်းကိုအုန်းဆီနှမ်းဆီသံလွင်ဆီတစ်မျိုးမျိုးဖြင့်

တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်ပလုတ်ကျင်းပေးခြင်းဖြင့်ပြန်လည်ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ခံတွင်းက အာပုတ်ရည်များအစာအိမ်သို့ မရောက်ရှိတော့ဘဲအစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါကာကွယ်ပြီးသားဖြစ်ပါကြောင်းပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ

ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာမြန်မာဆရာဝန်များနှင့်အတူအိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါဆေးရုံ ဆေးပေးခန်းတွေမှာအများအပြားတွေ့ရှိရတတ်တာကိုကောင်းစွာ မှတ်မိနေပါသေးတယ်။

ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်းကောင်းကောင်းမှတ်မိနေသေးတာကကျွန်တော့်အမေဒူးအရမ်းနာနေ၍ပခုက္ကူမြို့ထင်းတန်းရပ်မှာဆေးခန်းဖွင့်ထားတဲ့ပန်ချာဘီဆရာဝန်ကြီးဒေါက်တာမာဒေးထံသို့သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်။

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီးလမ်းတောင်မလျှောက်နိုင်လို့ဆေးခန်းသွားမယ်ဆိုရင်လည်းအမေကိုဦးလေးတွေကချီမပြီးခေါ်သွားလေ့ရှိပါတယ်။ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကိုသေသေချာချာ စစ်ဆေးပြီးနောက်သွားတွေကောင်းရဲ့လားလို့မေးတော့အမေမျက်နာအမူအရာကဒူးနာတာနဲ့သွားကောင်းတာမကောင်းတာဆိုင်လို့လားဟုထင်နေဟန်တူပါတယ်။

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့အံသွားပေါက်တွေကိုတွေ့သွားပါတယ်အံသွားတွေကပြည်ပုပ်တွေဟာဒူးကိုရောက်သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့အမေဒူးနာလည်းကောင်းသွားတာကိုလက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်။

ဆက်လက်၍ဒေါက်တာမာဒေးမှအမေအားနေ့စဥ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်ပလုတ်ကျင်းခိုင်းရာအမေဒူးနာပြန်မဖြစ်တော့တာကိုလည်းသတိထားမိပါတယ်။နောက်တစ်ယောက်ကတော့သိုင်းရွိုက်ရောဂါဖြစ်တဲ့ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲသူ့ရဲ့သိုင်းရွိုက်ဂလင်းကနေဟိုမုန်းအထွက်နဲတော့လူကလေးလံထိုင်းမှိုင်းပြီးကိုယ်အလေးချိန်လည်းတက်လာတယ်။

ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူးခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေကသိုင်းရွိုက်ဂလင်းရဲ့Pumpတွေကိုblockလုပ်ထားလို့ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်သွားဆရာဝန်ဆီမှာသေချာကုသလိုက်တဲ့နောက်မှာတော့ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်။

သူလည်းသံလွင်ဆီကိုနေ့စဥ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာပြန်ပြီးရောဂါမဖြစ်တော့တာကိုလေ့လာတွေ့ရှိရပါတယ်။ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့သူတစ်ယောက်အကြောင်းကိုပြောပြဆွေးနွေးလိုပါသေးတယ်။

သူ့မှာကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီးမျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်ခြေထောက်တွေကလည်းဖောပြီးရောင်ကိုင်းနေပါတော့တယ်။ကျောက်ကပ်ဆေးတွေသောက်လည်းလူကသိပ်မသက်သာရှာပါဘူး။

တစ်နေ့ သူသွားအရမ်းနာနေလို့သွားဆရာဝန်ကိုသွားရောက်ပြသတဲ့အခါကြတော့မှ သွားဆရာဝန်တွေကသူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့သွားဖုံးတွေကိုပြန်ကောင်းအောင်ကုပေးလိုက်တော့မှ ကျောက်ကပ်လည်းပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်။

သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာနေ့စဥ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်။ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ငယ်သူငယ်ချင်းတစ်ယောက်လည်းငယ်ငယ်ကတည်းကပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲဘယ်လောက်တောင်းနံသလည်းဆိုရင်မျက်နှာချင်းဆိုင်စကားပြောလို့တောင်အဆင်သိပ်မပြေချင်ပါဘူး။

ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.သွားတိုက်လည်းအတော်လေးပျင်သူဖြစ်တဲ့အတွက်နှစ်တွေကြာလာတော့ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်။ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာငယ်ငယ်ကတည်းကလည်းသိပ်မကျန်းမာရှာတဲ့အတွက်အသက်(၄၅)နှစ်လောက်မှာဘဲဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်။

ယခုအချိန်အခါမှာလည်းရာသီဥတုအစားအသောက်အပြုအမူအနေအထိုင်တွေကြောင့်လူတော်တော်များများဖြစ်နေတဲ့ရောဂါဝေဒနာတွေကတော့အသည်းရောဂါအဆုတ်ရောဂါအစာအိမ် ကျောက်ကပ် နှလုံးအူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ဆီးလမ်းကြောင်းနဲ့

ကင်ဆာရောဂါမျိုးစုံအရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာခံတွင်းမှာရှိနေတဲ့ဗက်တီးရီးယား ရောဂါပိုးမွှားတွေကနေထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်အများဆုံးဖြစ်နေကြတာကိုအားလုံးသတိထားမိစေချင်ပါတယ်။

ခံတွင်းမသန့်လေရောဂါထူလေဘဲဖြစ်ပြီးပါးစပ်နံလေရောဂါများလေအသက်တိုလေပဲဖြစ်ပါတယ်။သွားဖုံးအရင်းမှာအစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်။ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်။

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးနည်းကတော့အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင့်ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ဆီကအဆိပ်စုပ်အားကောင်းပြီးသွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာအိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကိုဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်။

နံနက်စောစောအိပ်ယာထတာနဲ့ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီးပလုတ်ကျင်းပေးပါကရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်။ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှသွားတိုက်တာသည်အကောင်းဆုံးပါပဲ။ပလုပ်ကျင်းပြီးရင်တော့ရေနွေးနွေးလေးဖြင့်ပါစပ်ကိုပြန်လည်ဆေးကြောပေးရင်ဖြင့်အကောင်းဆုံးပါပဲခင်ဗျာ။

ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့အုန်းဆီဘဲဖြစ်ပါတယ်။အုန်းဆီအပြင်သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်းပလုတ်ကျင်းလို့လည်းရပါတယ်။ပဲဆီ၊နေကြာဆီ၊စားအုန်ဆီတွေနဲ့တော့ပလုတ်မကျင်းစေချင်ပါဘူးခင်ဗျာ။

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်ဆီဖြင့်ပလုပ်ကျင်းတာကိုနေ့စဉ်မလုပ်နိုင်ရင်တောင်မှတစ်ပတ်ကို(၂)ခါ(၃)ခါလောက်လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်။ယခုအခါဆီနဲ့ပလုပ်ကျင်းပြီးခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာကျန်းမာနေထိုင်တဲ့နည်းကိုနိုင်ငံတော်တော်များများ

အထူးသဖြင့်ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကိုသိရှိရပါတယ်ခင်ဗျာ။ကျွန်တော့်၏ မိတ်ဆွေများအနေဖြင့်ခံတွင်းမသန့်လေကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီးခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်ခံတွင်းကိုသန့်ရှင်အောင်ထားပြီးကျန်ရှိနေသော အချိန်ခဏလေးကိုကျန်းမာစွာဖြင့်ရှင်းသန်းနေထိုင်ကြရအောင်ပါခင်ဗျာ။

Source ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *