လွယ်ကူလျှင်မြန်တို့ဟူးနွေးချက်နည်း

လွယ်ကူလျှင်မြန်တို့ဟူးနွေးချက်နည်း

ရှမ်းတို့၏ရိုးရာအစားအစာဆိုပေမယ့် အောက်ပိုင်းအလယ်ပိုင်းမကျန် မြန်မာတစ်ပြည်လုံးကြိုက်ကြတဲ့အစားစာတစ်ခုဆိုမမှားပါဘူးရှင့်။ မင်မင်လည်းအရမ်းကြိုက်ပါတယ်၊အခုလိုဆောင်းတွင်းကာလဆို အရမ်းစားကောင်းတဲ့အစားအစာထဲမှာပါတဲ့ တိုးဟူးနွေးလုပ်နည်းလေးပါရှင့်

တို့ဟူးနွေးကျိုရန်ပါဝင်ပစ္စည်းများ

မွှေးပဲမှုန့် -အစိမ်း၂၅ကျပ်သား၊မွှေးကော်မှုန့် -၁ခွက်(လက်ဖက်ရည်ပန်းကန်လုံး)၊ရေ- ၃လီတာ၊ဆား -အနည်းငယ်၊နနွင်းမှုန့်အနည်းငယ် လိုအပ်ပါတယ်။

ချက်ပြုတ်နည်း -ပဲမှုန့်အစိမ်းနှင့်ရေ၃လီတာခန့်ဖြင့်တစ်ညသိပ်ဖျော်ထားပါမယ်။

မနက်စောစောတို့ဟူးမကျိုမီအရည်ဖျော်ထားသည့်ပဲရည်၏အပေါ် ရေကြည် ၃ပုံ -၂ပုံခန့်ကိုဆား၊နနွင်းမှုန့်အနည်းငယ်နှင့်အတူရော၍မီးအနေတော် ထား၍ကျိုပါ။

ကျန်ဖျော်ထားသည့်အရည်၁ပုံကို ဖယ်ထားပါ။ပဲရည်ပူ၍မဆူပွက်ခင်တွင်ဖယ်ထားသည့် အရည် ၁ပုံကိုနှံ့စပ်အာင်မွှေပြီးဖြည်းဖြည်းခြင်းလောင်းထည့်ပါ။

ပဲအနှစ်ရည်သည်အနည်းငယ်ပြစ်လာပါလိမ့်မည်။အဆက်မပြတ်မွှေပေးနေပါ။

ပိုပြစ်လာစေရန်ကော်မှုန့်ကိုအရည်ဖျာ်ပြီးပဲရည်အိုးထဲသို့ဖြေးဖြေးလောင်းထည့်ပါ။လောင်းထည့်ချိန်တွင်မခဲသွားစေရန်အဆက်မပြတ်မွှေပေးနေပါ။

အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီးတို့ဟူးနံ့ မွှေးလာလျှင်မီးအေးအေးဖြင့်ဆက်တည်ထားပါ။ဖိုပေါ်မှချလိုက်လျင်အတုံးခဲဖြစ်သွားပါမည်။

ဆီ မွှေးပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ငရုတ်ကောင်း၊ဝှါးကျောင်းစေ့ေ၊ရှာင်ကော၊ကြက်သွန်ဖြုဆီချက်၊ငရုတ်သီးကြော်၊မြေပဲမညက်တညက်ထောင်း၊နမ်းလှော်၊ထန်းညက်ရည်၊ပဲငံပြာရည် အပျစ်၊ကြက်သွန်မိတ် ၊နံနံပင် ၊ဆန်စီးခေါက်ဆွဲသို့ ရေစိမ်(ခေါက်ဆွဲပါထည့်စားမည်ဆိုပါက)

ပြုလုပ်နည်း -ဒယ်အိုးထဲတွင်ရှောင်ကော၊ငရုတ်ကောင်းစေ့၊ဝှါးကျောင်းစေ့ကိုလှော်ပြီး လုံးခြမ်းခွဲထောင်းပြီးပန်းကန်လုံးထဲထည့်ထားပါ။

ငရုတ်ခွဲကြမ်းမှုန့်ကိုလဲပန်းကန်လုံးနောက်တခုထဲထည့်ထားပါ။အိုးထဲတွင်ဆီများများကိုအပူပေးပြီးပူလာသည့်ဆီကိုအမွှေးအကြိုင်များထည့်ထားသည်ပန်းကန်လုံးများထဲသို့ လောင်းထည့်ပါ။

ငရုတ်သီးဆီချက်ကိုလဲထိုနည်းအတိုင်းပြုလုပ်ပါ။လက်ကျန်ဆီထဲတွင်ကြက်သွန်နီကိုအကြွပ်ကြော်ပြီး စစ်ထုတ်ပါ။

ကြက်သွန်ဖြူကိုမညှက်တညှက်ထောင်းပြီးဆီချက်ချက်၍နှမ်းလှော်ပါပေါင်းထည့်ပါ။

မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။ထန်းညှက်နှင့်ပဲငံပြာရည်အပျစ်ကိုခပ်ပျစ်ပျစ်ကျိုပါ။

နံနံပင်နှင့်ကြက်သွန်မြိတ်ကိုပါးပါးလှီးပါ။ကြက်သွန်ဖြူ နှင့်နံနံပင်အနည်းငယ်ကိုညှက်နေအောင်ထောင်းပြီးရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။

မုန့် ပွဲပြင်နည်း-ခေါက်ဆွဲကိုတစ်ပွဲစာစားမည့်ပန်းကန်လုံးထဲတွင်ထည့်၍တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီးတိုဟူးနှစ်ရည်ကိုပါထည့်လိုက်ပါ။

ပြီးလျင်အပေါ်မှပြင်ဆင်ထားသည့်မြေပဲထောင်း၊ဆီမွှေး၊ငရုပ်ဆီနှင့်နှမ်းလှော်၊ကြက်သွန်ဖြူအစိမ်းရည်၊ထန်းညက်ရည်ကျို၊ နံနံပင်၊ကြက်သွန်မိတ်တို့နှင့်ပြင်၍စားကြသည်။

တို့ဟူးနွေးနှင့်တွဲ၍တို့ဟူးကြော်၊အီကြာကွေး၊ဝက်ခေါက်ကြော်တို့နှင့်လည်းတွဲစားကြပါသည် ။

ဖိုလ်တို ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *