လွယ်လွယ်ကူကူ အုံးနို့ခေါက်ဆွဲချက်စားကြမယ်
အုန်းနို့ခေါက်ဆွဲချက်နည်း
ပါဝင်ပစ္စည်းများ-ခေါက်ဆွဲ၊ကြက်သားအသား၃၀သား၊ကြက်ရိုး၂၅ကျပ်သား၊အုံးနို့တစ်ဘူး၊ပဲစိမ်းမှုန့်၊ဆန်လှော်မှုန့်အနည်းငယ်၊ကြက်သွန်နီဥသေး၂၀လုံးဥကြီး၂လုံး၊

ကြက်သွန်ဖြူလတ် ၂ဥ၊ငံပြာရည်အနည်းငယ်၊ငရုတ်သီးမှုန့်(အရောင်မှုန့်)အနည်းငယ်၊ဂျင်းအနည်းငယ်၊ဆား၊အရသာမှုန့်၊ငရုတ်သီးလှော်မှုန့်၊သံပုရာသီး၊နံနံပင်၊မုန့်ကြွပ်ကြော်၊ဘဲဥ လိုအပ်ပါတယ်။

ချက်ပြုတ်နည်း
ကြက်သားအရိုးများကိုသန့်စင်ပြီးပြုတ်ပါမယ်။အမြှပ်တွေကိုခပ်ထုတ်ပေးပါ။အရိုးများကိုနူးအိထိပြုတ်ထားပေးပါ။ ကြက်သားအသားကို နုတ်နုတ်စင်းထားပြီးဆားအရသာမှုန့်ထည့်နယ်ထားပါမယ်။

ပဲမုန့် အစိမ်းကိုရေဖျော်ထားပါ။ဆန်လှော်မှုန့်လေးကိုလည်းရေဖျော်ထားပါမယ်။ကြက်သွန်နီ ပါးပါးလှီးပါ၊ကြက်သွန်နီအသေးလေးများအခွံနွားထားပါ(ဟင်းရည်ထဲကြက်သွန်ဥထည့်ရန်)၊

ဘဲဥပြုတ်ထားပါ။အားလုံးအဆင်သင့်ဖြစ်ပြီဆိုအိုးထဲဆီထည့်ဆီပူရင်ကြက်သွန်နီထည့်၊ကြက်သွန်နီအရောင်းပြောင်းလာရင်ဂျင်း/ကြက်သွန်ဖြူထောင်းထည့်ပါမယ်/

အနံမွှေးလာရင် ငရုပ်အစိမ်းမုန်ရထည့်မွှေပါပြီးရင် ကြက်သားနုတ်နုတ်စင်းထားတာထည့်ငံပြာရည်အနည်းငယ်ထည့်(မကြိုက်ရင်မထည့်လည်းရ)အရသာမုန့်ထည့်ဆီသပ်ပါမယ်။ကြက်ပြုတ်အရည်အိုးကိုမီးတည်ထားပါမယ်။

ဆူလာရင်ပဲမုန့်ရေဖျာ်ထားတာထည့်၊ဆန်လှော်မှုန့်အရည်ဖျော်ထားတာထည့်၊ပဲမုန့်များအနည်းငယ်ပျစ်လာရင်ဆီသပ်ထားတဲ့ကြက်သားထည့်၊အုန်းနို့ထည့်ကြက်သွန်ဥအသေးလေးတွေထည့်ပြီးတယ်ထား။
ဟင်းရည်ဆူပြီအရည်ကျပြီဆို အပေ့ါအငန်မြည်း ၊အဆင်ပြေပြီဆို အုန်းနို့ဟင်းရည်ရပါပြီ။

မုန့်ပွဲပြင်မယ်-ခေါက်ဆွဲထည့်၊ဟင်းရည်ထည့်၊ဘဲဥ၊မုန့်ကြွပ်ကြော်၊နံနံပင်၊ငရုပ်သီးလှော်မှုန့်၊ကြက်သွန်နီပါးပါးလှီး(မကြိုက်ရင်မထည့်လည်းရ)၊သံပုရာရည်လေးညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

အကြော်ကြိုက်ပါကထည့်နိုင်ပါတယ်။အုန်းနို့မကြိုက်သူများလည်း အုန်းနို့အစားနို့စိမ်းထည့်ပြီးချက်နိုင်ပါတယ်။

လွယ်ကူရိုးရှင်းပြီးသန့်သန့်ရှင်းရှင်းလေးနဲ့မိမိစိတ်ကြိုက်စားနိုင်လို့လုပ်စားကြည့်ပါနော်။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။
မူရင်း-မေ့လက်ရာ
ဖိုတို- ခရက်ဒစ်