ထန်းမြစ်ကြော်နှင့် ထန်းမြစ်၏ဆေးဖက်ဝင်နည်းများ
အခုဆို ထန်းမြစ်တွေလှိုင်လှိုင်ပေါနေပြီမို့ ထန်းမြစ်လေးအမျိုးမျိုးလုပ်စားကြတဲ့အထဲမှထန်းမြစ်ကြော်လုပ်နည်းလေးလည်းပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်

ထန်းမြစ်ကြော်နည်း
ပါဝင်ပစ္စည်းများ- ထန်းမြစ်၊ရွှေလိပ်ပြာအကြော်မှုန့်၊ကြက်သားမှုန့်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဆီ တိုလိုအပ်ပါတယ်။
ပြုလုပ်နည်း-ထန်းမြစ်ကိုပြုတ်ပါ။ပြီးလျှင်အခွံခွာအမျှင်ဖယ်ပါပြီလျှင်ငရုတ်ဆုံထဲထည့်ထောင်းပါ၊ထောင်းပြီးပါကပန်ကန်ထဲထည့်ပါ။ကြက်သွန်နီ/ကြက်သွန်ဖြူရောထည့်ထောင်းပါ။ထောင်းပြီသားထန်မြစ်ထဲကြက်သွန်နီ/ကြက်သွန်ဖြူထောင်း၊ကြက်သားမှုန့်၊

ရွှေလိပ်ပြာအကြော်မှုန့်အနည်းငယ် အားလုံးရောထည့်ပြီးသမအောင်မွှေပါ၊ပြီလျှင်ငါးဆုပ်ကဲ့သို့အပြားလိုက်ပြုလုပ်ပြီး ဆီပူထဲထည့်ကြော်ပါ။ထန်းကြော်မွှေးမွှေးလေးရပါပြီ။ရေနွေးကြမ်းလေးနဲ့အစာပြေလေးစားစိမ့်စိမ့်လေး သက်သက်လေး မွှေးမွှေးလေး အရသာရှိပါတယ်ရှင့်။
ဆေးဖက်ဝင်လှသောထန်းအမြစ်
ထန်းပင်မြစ်သည်ဆေးဖက်လည်းဝင်ပါသည်။ထန်းပင်မြစ်သည်သွေး၊သည်းခြေကို ပယ်တတ်၏။သွေး၊လေ၊သည်းခြေတို့ကို နိုင်၏။ ဝမ်းကိုလားစေ၏။သလိပ်ကို ကြေစေ၏။

ထန္းျမစ္ေၾကာ္ႏွင့္ ထန္းျမစ္၏ေဆးဖက္၀င္နည္းမ်ား
အခုဆို ထန္းျမစ္ေတြလွိဳင္လႈိင္ေပါေနၿပီမို႔ ထန္းျမစ္ေလးအမ်ိဳးမ်ိဳးလုပ္စားၾကတဲ့အထဲမွထန္းျမစ္ေၾကာ္လုပ္နည္းေလးလည္းျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ရွင့္
ထန္းျမစ္ေၾကာ္နည္း

ပါ၀င္ပစၥည္းမ်ား- ထန္းျမစ္၊ေရႊလိပ္ျပာအေၾကာ္မႈန္႕၊ၾကက္သားမႈန္႔၊ၾကက္သြန္နီ၊ျကက္သြန္ျဖဴ၊ဆီ တိုလိုအပ္ပါတယ္။
ျပဳလုပ္နည္း-ထန္းျမစ္ကုိျပဳတ္ပါ။ၿပီးလွ်င္အခြံခြာအမွ်င္ဖယ္ပါၿပီလွ်င္င႐ုတ္ဆံုထဲထည့္ေထာင္းပါ၊ေထာင္းၿပီးပါကပန္ကန္ထဲထည့္ပါ။ၾကက္သြန္နီ/ၾကက္သြန္ျဖဴေရာထည့္ေထာင္းပါ။ေထာင္းၿပီသားထန္ျမစ္ထဲၾကက္သြန္နီ/ၾကက္သြန္ျဖဴေထာင္း၊ျကက္သားမႈန့္၊

ေရႊလိပ္ျပာအေၾကာ္မႈန္႕အနည္းငယ္ အားလုံးေရာထည့္ၿပီးသမေအာင္ေမႊပါ၊ၿပီလွ်င္ငါးဆုပ္ကဲ့သုိ႔အျပားလိုက္ျပဳလုပ္ၿပီး ဆီပူထဲထည့္ေၾကာ္ပါ။ထန္းေၾကာ္ေမႊးေမႊးေလးရပါျပီ။ေရေႏြးၾကမ္းေလးနဲ႕အစာေျပေလးစားစိမ့္စိမ့္ေလး သက္သက္ေလး ေမႊးေမႊးေလး အရသာ႐ွိပါတယ္ရွင့္။
ေဆးဖက္၀င္လွေသာထန္းအျမစ္

ထန္းပင္ျမစ္သည္ေဆးဖက္လည္းဝင္ပါသည္။ထန္းပင္ျမစ္သည္ေသြး၊သည္းေျခကို ပယ္တတ္၏။ေသြး၊ေလ၊သည္းေျခတို႔ကို ႏုိင္၏။ ဝမ္းကိုလားေစ၏။သလိပ္ကို ေၾကေစ၏။