ခြေတု လက်တု စက်ရုံတည်စောက်ဖို့ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ

ပရဟိတ အလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာ ရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘမဲ့ဂေဟာကိုတည်ထောင်ထားပြီးလှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။




လတ်တလောအခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်စားသောက်ကုန်တွေပေးဝေလှူဒါန်းနေတဲ့အပြင်အလှူငွေတွေလည်း တတ်နိုင်သလောက် လှူဒါန်းနေတာတွေ့ရပါတယ်။




ဒီနေ့မှာတော့ နောက်ထပ် ခြေ၊လက်တွေ မရှိတဲ့သူတွေအတွက် ခြေတု လက်တုစက်ရုံတည်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ခိုင်နှင်းဝေက အခုလိုစက်ရုံတည်ဆောက်ဆို့အတွက် ဝမ်းသာဂုဏ်ယူနေကြောင်းကို “ခန္စာကိုယ် အစိတ်အပိုင်း တစ်ခုကို လှုရသော အကျိုးကျေးဇူး တို့အား သံသရာကျင်လည်ရာ တလျှောက်လုံး ကုသိုလ်ရေစက်ပါရပါစေရှင်..???…”




“ခြေတု လက်တု စက်ရုံလေး တစ်ခု တည်ထောင်ဘို့ စ,တင် အကောင်အထည် ဖော်ဖြစ်ပါတယ်ရှင်..ကျမကို လှူဒါန်းထားတဲ့ တောင်ဒဂုံ (၁၀၅) မြေကွက်မှာ စက်ရုံ အသေးစားလေး တည်ထောင်ပြီး




ခြေတု ၊ လက်တု မတပ်နိုင်သောမည်သူမဆို အခမဲ့ တပ်ဆင်လှူဒါန်းပေးသွားပါမယ်..စက်ရုံအတွက် နေရာ ဆောက်ခြင်း၊ စက်များ ဝယ်ယူခြင်း၊ ပညာရှင်များ ခေါ်ယူခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်၍ လိုအပ်နေသော သူများကို ကူညီပေးသွားပါမယ်..




ကျမ နဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ စုပေါင်း ကုသိုလ် အလှူလေးများပဲ ဖြစ်ပါတယ်ရှင် “ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ မခိုင်နှင်းဝေနဲ့အတူ ခုနှစ်ရက်သားသမီးအားလုံးနဲ့ အလှူရှင်များ စာဖတ်ပရိတ်သတ်ကြီးများလည်း ဝမ်းသာသာဓုခေါ်ဆိုရန် တင်ဆက်ပေးလိုက်ရပါတယ်။




ခြေတု လက်တု စက်ရုံစောက်ဖို့ပြင်ဆင်နေတဲ့ ခိုင်နှင်းဝေ


