မိဘကိုစိတ်အရမ်းပူပေမယ့် အနားမှာမရှိပေးနိုင် မသွားနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ ဆုအိမ့်စံ

ပရိတ်သတ်ကြီးရေ မင်းသမီးလေးဆုအိမ့်စံဟာဆိုရင် မော်ဒယ်လ်လောကကနေ သရုပ်ဆောင်လောကထဲကိုကူးပြောင်းလာပြီး အောင်မြင်မှုတွေရရှိကာပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကိုအပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။




ကိုယ်လုံးကိုယ်ထည်က ပြောရက်စရာ မရှိလောက်အောင် လှပပြီး မြင်သူငေးရလောက်တဲ့ သူမျိုးဖြစ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ ဝန်းရံမှုကို ခံရတာလည်း အသေအချာပါပဲနော်…။
အခုတလောမှာလည်း ပျောက်ချက်သားကောင်းနေတဲ့ ဆုအိမ်စံလေးက ဒီနေ့မှာတော့ သူမပျောက်ရတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ပြောပြလာတာပဲဖြစ်ပါတယ်။”နေပြန်ကောင်းသွားပါပြီ… ချစ်ရတဲ့ပရိသတ်ကြီးအားလုံးကို အရမ်းလွမ်းနေပါတယ်… ?




ဒီရောဂါဖြစ်နေတဲ့ကာလတွေမှာ စိတ်ဓာတ်ပါကျတယ်…?မိဘကိုစိတ်အရမ်းပူပေမယ့် အနားမှာမရှိပေးနိုင်မသွားနိုင်တဲ့အခြေအနေမှာ အရမ်းကိုခက်ခဲလွန်းပါတယ်… ဒီခံစားချက်တွေကို နားလည်တဲ့အတွက် ဆုံးရှူံးသွားတဲ့သူတွေတယောက်ချင်းစီကို ကိုယ်ချင်းစာတယ်…




ဘာပဲဖြစ်ဖြစ် အနားမှာရှိနေတဲ့အချိန် တန်ဖိုးထားကြမယ်… ချစ်ရတဲ့ပရိသတ်ကြီးလည်း ကျန်းမာရေးဂရုစိုက်ကြပါနော်… အားလုံးကို ချစ်တယ်❤️ EMPRESS HSU ဆုအိမ့်စံ ဆိုပြီးရေးသား ထားတာပဲဖြစ်ပါတယ်။




ပရိတ်သတ်ကြီးတွေလည်း ဆုဆုအတွက် အားပေးစကားလေးပြောပေးခဲ့ကြပါအုံး..
မိဘကိုစိတ်အရမ်းပူပေမယ့် အနားမှာမရှိပေးနိုင် မသွားနိုင်တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ ဆုအိမ့်စံ



source by ဆုအိမ့်စံ