အိမ်ရှင်မတွေအကြိုက်တွေ့စေမယ့် ဆိတ်ဖူးနှင့်ဟင်းချက်နည်း

အိမ်ရှင်မတွေအကြိုက်တွေ့စေမယ့် ဆိတ်ဖူးနှင့်ဟင်းချက်နည်း

ဆိတ်ဖူးထောင်း

ပါဝင်ပစ္စည်းများ-ဆိတ်ဖူး- ၁စီး၊ငရုတ်သီးစိမ်း- အနည်းငယ်(အစပ်စားနိုင်သလောက်)၊မန်ကျည်းသီးစိမ်း(သို့)မန်ကျည်းရွက်နု-လက်တစ်ဆုတ်စာ၊ကြက်သွန်ဖြူ- ၃မွှာ၊မျှင်ငါးပိ-လက်ဖက်ရည်ဇွန်း၁ဇွန်း၊ပုစွန်ခြောက်မှုန့်- စားပွဲဇွန်း၁ဇွန်း၊မြေပဲလှော်- စားပွဲဇွန်း ၁ဇွန်းလိုပါမယ်။

ချက်ပြုတ်နည်း-ဆိတ်ဖူးထောင်းပြုလုပ်ဖို့အတွက်ငရုတ်ဆုံထဲမှာ ကက်သွန်ဖြူနှင့်ငရုတ်သီးစိမ်းတို့ကို လှော်ထားတာနှင့်မန်ကျည်းသီးစိမ်း(သို့)မန်ကျည်းရွက်နုတို့ကိုထည့်ပြီးထောင်းပါ။အတော်အသင့်ညက်သွားပြီဆိုလျှင်ဆိတ်ဖူး၊မျှင်ငါးပိမီးဖုတ်နှင့နပုစွန်ခြောက်မှုနဲ့ထောင်းထားသောမြေပဲလှော်တို့ကို

ထည့်ပြီးညက်အောင်ရောထောင်းပါ။ပြီးလျှင်အရသာအတွက်ဆားထည့်ပြီးနှံ့အောင်မွှေပေးလိုက်လျှင်အရသာရှိတဲ့ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်းလေးရပါပြီ။

ဆိတ်ဖူးနှင့် ငါးလေးအိုးကပ်ချက်

ပါဝင်ပစ္စည်းများ- ငါးသေး(မိမိကြိုက်နှစ်သက်ရာငါး)၂၅ကျပ်သား၊ဆိတ်ဖူး၂စီး(၁၀ကျပ်သား)၊ကြက်သွန်နီအလတ်၅ဥ၊ကြက်သွန်ဖြူ၁ဥ၊ငရုတ်သီးစိမ်း(အစပ်စားနိုင်သလောက်)၊ပင်စိမ်းရွက်အနည်းငယ်၊ဆီ၊ဆား၊အရသာမှုန့်၊ငံပြာရည်အနည်းငယ်လိုအပ်ပါတယ်။

ချက်ပြုတ်နည်း-ငါးကိုသန့်စင်ရေဆေး(ချေးခွံပါပါက အိုးစောင်းတိုက်ပါမယ်)၊ပြီးဆား၊အရသာမှုန့်၊ဆနွန်းမှုန့်ထည့်ပြီးနယ်ထားပါမယ်၊ ကြက်သွန်နီ/ ဖြူကို ရောထောင်းပါမယ်။ဆိတ်ဖူးနဲ့ငရုတ်သီးကိုလည်း ရောထောင်းထားပေးပါမယ်။

အားလုံးပြီးပြီဆို ဒယ်အိုတယ် ဆီထည့် ၊ဆီပူပြီဆိုဆနွန်းမှုန့်အနည်းငယ်ထည့် ကြက်သွန်နီဖြူထောင်းထားတာထည့်ပါမယ်၊ကြက်သွန်လိပ်ပြီဆို ဆိတ်ဖူးနဲ့ငရုတ်သီးထောင်းထားတာထည့် အရောင်တင်မှုန့်အနည်းငယ်ထည့်ပြီးဆီသတ်ပေးပါမယ်။

ဆီသတ်ပြီးအနံမွှေးပြီဆို ငါးကိုထည့်ပြီးခဏ မွှေပေးပြီး ရေနွေးအနည်းငယ်ထည့်ပါမယ်။(ငါးကျက်ရုံပဲရေထည့်ပါမယ်)။ငါးကျက်ပြီးဆီပြန်ပြီဆို ပင်စိမ်းရွက်လေးအုပ်ပြီးခဏအဖုံးအုပ်ပေးပြီး အိုးလေးကိုပတ်ရှာလှည့် အပူပေးပါမယ်။

အိုးကပ်လေးဖြစ်သွားပြီဆိုရပါပြီ။ အနံလေးမွှေးပြီး စပ်စပ်လေးကို ချဉ်ရည်ဟင်းတစ်ခွက်နဲ့ဆိုအရမ်းလိုက်ဖက်တဲ့ဟင်းပွဲအတွဲလေးဖြစ်ပြီး ထမင်းမိန်မယ်ဆိုတာယုံအာမခံပါတယ်ရှင့်။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *