ဒီအရွယ်လေးနဲ့မြန်မာမှုတွေကြိုက်ပြီး တေးသံရှင်မေလရဲ့သီးချင်းလေးတွေကြိုက်တဲ့ စန္ဒီမြင့်ရဲ့သမီးလေးခင်လင်းထင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက်ချစ်ရတဲ့မိသားစုလေးနဲ့ပျော်ရွှင်စရာဘဝလေးကို အေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။




စန္ဒီမြင့်လွင်ရဲ့ သမီးလေးခင်လင်းထင် (ထရက်ရှာ)လေးကလည်း အရွယ်နဲကမလိုက်အောင်ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်နေခဲ့ပါသေးတယ်။




စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင်ကတော့ အခုအရွယ်လေးကတည်း လိမ္မာယဉ်ကျေးပြီး မြန်မာမှုကို ချစ်ခင်မြတ်နိုးတဲ့သူတစ်ယောက်ပါ။သမီးလေးက သီချင်းတွေဆိုလည်း မြန်မာသံစဉ်တွေကို ပိုမိုကြိုက်ပြီး




တူရိယာတွေဆိုလည်း မြန်မာ့တူရိယာပစ္စည်းတွေကို ပိုကြိုက်တတ်တဲ့သမီးလေးအကြောင်းကိုစန္ဒီမြင့်လွင်က
“ပတ္တလား တီးတယ် မမမေလ သီချင်းတွေကြိုက်တယ်မေမေလဲအလွတ်ရနေပြီ။ မြန်မာမလေး ခင်လင်းထင်” ဆိုပြီး ပတ္တလားကို စိတ်ဝင်တစားဖြစ်နေတဲ့ သမီးလေးပုံလေးတွေနဲ့ သမီးလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။




မေမေစန္ဒီမြင်လွင်ကိုချစ်တဲ့ ပရိသတ်တွေကလည်း ခင်လင်းထင်လေးရဲ့ မြန်မာ့တူရိယာ ပတ္တလားကို စိတ်ဝင်တစားရှိနေတဲ့ပုံလေးကိုကြည့်ပြီး အချစ်ပိုနေခဲ့ကြပါတယ်။ပရိသတ်ကြီးရေခင်လင်းထင်လေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။








source by Sandi Myint Lwin