သူတို့ဇနီးမောင်နှံပုံနဲ့ နာမည်အတုလုပ်ပြီး မသမာသူတွေမှငွေကြေးလိမ်လည်နေကြောင်းသတိပေးလာတဲ့ စိန်ဖြိုး

သူတို့ဇနီးမောင်နှံပုံနဲ့ နာမည်အတုလုပ်ပြီး မသမာသူတွေမှငွေကြေးလိမ်လည်နေကြောင်းသတိပေးလာတဲ့ စိန်ဖြိုး

ပရဟိတ အလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ စိန်ဖြိုးနဲ့ ရီရီတို့ဟာပရဟိတအလုပ်တွေကိုလည်ေဆက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက် မှာလည်း အောက်ဆီဂျင်အိုးတွေ ကို အခမဲ့ဖြည့်တင်းပေးပြီး အချိန်ပြည့်လုပ်အားဒါနကော ကာလာဒါနပါလှူဒါန်းနေတာပဲဖြစ်ပါတယ်။

ဒီလိုလှူဒါန်းနေသလို တစ်ဖက် မှာလည်း မသမာသူတွေရဲ့လောဘကြောင့် သူတို့ဇနီးမောင်နှံ၏အမည်ဖြင့်ပေ့စ်နာမည်ကို အသုံးချကာငွေလိမ်လည်နေကြတာတွေလည်းဖြစ်ပွားလျက်ရှိပါတယ် ။

သူတို့ဇနီးမောင်နှံ၏ နာမည်နဲ့ ဓါတ်ပုံတွေကိုသုံးပြီး ဆိုရှယ်မီဒီယာ အကောင့်တွေ ၊ Viber တွေမှာ လိုက်လိမ်နေကြောင်းကို ဒီနေ့မှာတော့ ပုံတွေထုတ်ပြလာပြီး ပရိသတ်တွေကို မယုံကြည်ဖို့ အထူးသတိပေးလာပါတယ်။

“အ​ရေးကြီးလို့ပါ…စိန်ဖြိုး​ရော ရီရီ​ရော လုံးဝ (လုံးဝ) မည်သည့်ကိုမှ ဘာအ​ကြောင်းနဲ့မှအလှူမခံပါဘူး​နော်၊အားလုံးက ကိုယ်တိုင်တိုက်ရိုက် လှူတဲ့ အလှူ​တွေချည်းပါ၊ပိုက်ဆံလည်းမည်သူ့ထံကမှ ချေးမည်မဟုတ်ပါ..?

စိန်ဖြိုးနာမည် နဲ့ Viber profile အတုလုပ်ပြီးPage မှာ ရင်းနှီးတယ်လို့ ထင်ရ​လောက်တဲ့ အ​ကောင့်​တွေကို အလှူလိုက်ခံ​နေပါတယ်..​ငွေ​တွေလွှဲခိုင်း​နေပါတယ်..ချစ်သူငယ်ချင်း မိတ်​ဆွေများ အားလုံး သတိထား​​ပေးကြပါ

Group လိုက်လုပ်စားပုံရပါတယ် Kpay အ​ကောင့်က ​မောင်မြတ်ဖြိုးဆိုတဲ့နာမည်နဲ့ပါ AYA ​acc no လည်း​သိရပါတယ် နာမည်က ​ချောစုလင်း CBအ​ကောင့်က နန်း​အေး​ထွေး ပါတဲ့…

ဒါ​မျိုး​တွေ မတင်ချင်လည်း ကိုယ်​တွေကို အထင်မလွဲဖို့နဲ့ သူငယ်ချင်းများအလိမ်မခံရ​စေဖို့ တင်​ပေးလိုက်ရပါတယ်..??? ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။


ပရဟိတ အလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ စိန်ဖြိုးနဲ့ ရီရီတို့ဟာပရဟိတအလုပ်တွေကိုလည်ဆေက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။








Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *