တောတောင်ထဲမှာ ရောက်နေပေမယ့်လည်း ဘာလိုသေးလဲဆိုပြီး မေးလာတဲ့ မင်းမော်ကွန်း
ဘာလိုသေးလဲ…………




“မျှစ်လား” အပေါဆုံးပဲ မိုးတွင်းဆိုတော့ မျှစ်စို့ကြီးတွေက လတ်ဆတ်လို့ နုဖတ်လို့။
မန်ကျည်းသီးခူးပြီး အစိမ်းထောင်းစားစား မန်ကျည်းသီးချက်စားစား မျှစ်ပြုတ်နဲ့က လျှာလည်။




ချဉ်ပေါင်ခင်းကလည်း အဆင်သင့်ဆိုတော့ ဟင်းရည်သောက်သောက် မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော် သိပ်မြိန်တဲ့ဟင်းတွေ။
မှိုတွေကလည်းအခင်းလိုက် ဟင်းချက်စားမလားဟင်းချိုသောက်မလား ကန်စွန်းပါချိုးကြော်လိုက်တော့ စားသောက်ဆိုင် ထိုင်ရသလို။




ဂွေးတောက်လား ကြောင်လျာလား ခရမ်းကဆော့သီးလား သရက်ရွက်လား အပြည့်အစုံကြိုက်တာတို့ ငါးပိထောင်းလည်း ကောင်းမှကောင်း။
ငှက်ပျောတွေက အသီးပုပုလေးတွေနဲ့ သီးမှသီး ချိုမှချို ငှက်ပျောအူတော့ မကိုက်ဘူးဝမ်းသာစရာသတင်းကြားရင် မွင်းငါးချက်စားပစ်လိုက်တယ်။




ငါးကလည်းရှာလို့လွယ်သေး ငါးခူ ငါးကြင်းကအစ နာမည်မသိလည်းစားကောင်းတဲ့ငါးအကောင်ကြီးကြီး အလေးပြည့်ပြည့်တွေ ကင်စားစား ပြုတ်စားစား ဟင်းချက်မလားအခြောက်လှမ်းမလားကြိုက်သလိုစား။




ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့ ကိုယ့်အကြိုက် ဆုံး ဝက်လက် ဝက်ရိုးပြုတ် အမဲနှပ်တွေတခါတလေကြိတ်ရသေး ဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်အသားကြိတ် အရိုးပြုတ်အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီးကြေးအိုး ဆွဲလို့ရတယ်ဗျာ။




လက်ဆောင်လာပေးတဲ့ကြက်တွေ မသတ်ရက်လို့မွေးထားတာ ကြက်ဥကလည်းရအကောင်ကလည်းပွား။
ဆေးဝါးရှားတယ်ဆိုပေမယ့်ချွေးထွက်များတော့ကျန်းမာရေးကဒီရောက်မှရန်ကုန်ထက်ကို ပိုမာနေသေး။




အဝတ်အစားကောင်းကောင်းမရှိပေမယ့် နှလုံးသားကောင်းကောင်းတွေ ဝတ်ဆင်ထားတဲ့သူတွေကိုသာတွေ့ရတဲ့နေရာ။
မိတ်ဆွေဟောင်းတွေကိုအမြဲသတိရပေမယ့်ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်းအသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။




မိန်းမနဲ့သားသမီးတွေဟာအမြဲဆင်းရဲတူတူချမ်းသာတူတူစိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်းသိခွင့်ရခဲ့တယ်။
ဘဝမှာအသက်ရှင်နေထိုင်ရေးမှာ ဘယ်အရာတွေကအဓိကကျပြီး ဘယ်အရာတွေကအပေါ်ယံဆိုတာသတိထားမိလာတယ်။




အမှန်တရားဘက်ကရပ်တည်ရင်ဘယ်နေရာရောက်ရောက်ဘယ်သူနဲ့တွေ့တွေ့ဘယ်တော့မဆိုလိပ်ပြာသန့်ပြီး မျက်နာမငယ်ရဘူးဆိုတာလက်တွေ့ကြုံရတယ်။
အခုထဲကအမှန်တရားအရတရားမျှတခြင်းအရစိတ်ဓါတ်ခွန်အားအရအရွက္တရားအရပြည်သူပါဝင်မှုအရအားလုံးပြည့်စုံစွာမတိုက်ခင်ထဲကကြိုအောင်မြင်နေတဲ့ကျွန်တော်တို့တော်လှန်ရေးဟာလည်းမကြာခင်အပြီးတိုင်အောင်မြင်တော့မယ်။




ကဲ…….ကျွန်တော့်တို့အတွက်ဘာလိုသေးလဲ။
မင်းမော်ကွန်း
၃၀.၈. ၂၀၂၁