မုံရွာမြို့မှယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ပန်းချီဆရာရဲ့အိမ်လေးကို ပြည်သူတွေကပြန်လည်ဆောက်လုပ်ပေးခဲ့

မုံရွာမြို့မှယိုင်နဲ့နဲ့ ဖြစ်နေတဲ့ ပန်းချီဆရာရဲ့အိမ်လေးကို ပြည်သူတွေကပြန်လည်ဆောက်လုပ်ပေးခဲ့

မုံရွာမြို့ မုံရွာတက္ကသိုလ်အနီး ဓမ္မရံသီ ဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင်လမ်းထဲမှာ နေတဲ့ ပန်းချီဆရာညွန့်အောင်ရဲ့ ယိုင်နဲ့နဲ့အိမ်လေးဖြစ်ပါတယ်။

သူက မိုးမလုံတဲ့ အိမ်လေးမှာနေပြီး တခါတလေပန်းချီကားတွေကိုအိမ်အမိုးမိုးထားပါတယ်။ပန်းချီဆွဲဖို့ဆေးဝယ်လိုက်တာကြောင့် ထမင်းနှရက်သုံးရက်မစားရတဲ့နေ့တွေရှိသလိုစားဖို့ရာ ဆန်လည်းမရှိပါဘူး။

မျက်လုံးတစ်ဖက် တိမ်ဖုံးနေတာကို ကျန်တဲ့တစ်ဖက်နဲ့အမြဲမပြတ်ပန်းချီရေးဆွဲ နေခဲ့တာပဲဖြစ်ပါတယ်။ဝမ်းသားစရာသတင်းကတော့ဒီတစ်ခေါက်မိုးရာသီမှာဆရာ ပန်းချီညွန့်အောင်ရဲ့အနုပညာတွေပြည့်နှက်နေတဲ့ တဲလေးပန်းချီကားတွေမိုးစရာမလိုတော့ပါဘူး။

Monyway Art Gallery’s နဲ့အလှူရှင်များက အိမ်လေးကို ပြန်လည်တည်ဆောက်ပေးနေပြီပဲဖြစ်ပါတယ်။

ပြည်သူမှပြည်သူသို့ဝိုင်းဝန်းကူညီမှုလေးက အရမ်းကိုပိတိဖြစ်စရာ ကောင်းတဲ့ ဝိုင်းဝန်းမှုလေးက အခုလိုစိတ်ထားလှတဲ့ ပြည်သူပြည်သားတွေဟာ မြန်မာပြည်မှာပဲရှိလို့ ဝမ်းသာဂုဏ်ယူမိပါတယ်။

ချစ်စရာကောင်းတဲ့ ပြည်သူပြည်သားတွေအတွက်လှူတဲ့အလှူလေးကိုဝမ်းသာဂုဏ်ယူသာဓုခေါ်ဆိုနိုင်ရန်စာဖတ်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါသည်။








(Zawgyi)
crd

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *