လာမည့်စက်တင်ဘာပထမပတ်အတွင်းမုန်တိုင်းငယ်ရောက်ရှိလာနိုင်

လာမည့်စက်တင်ဘာပထမပတ်အတွင်းမုန်တိုင်းငယ်ရောက်ရှိလာနိုင်

စက်တင်ဘာလပထမပတ်အတွင််းမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ် လာနိုင်ပြီးအားဆက်လက်ကောင်းလာကာမုန်တိုင်းငယ်(Depression)အဆင့်အထိရောက်ရှိလာနိုင်တယ်လို့

လေကြောင်းမိုးလေဝသပညာရှင် ဝေဖြိုးဟန်မှကြိုတင်ခန့်မှန်းပေးထားပါတယ်။သြဂုတ်လ ၃၁ ရက်နေ့မိုးလေဝသတိုင်းတာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်

ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလာမည့် စက်တင်ဘာလ၄ရက်နေ့ မှာလေထုမငြိမ်သက်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ဆက်လက်အားကောင်းလာကာ

၅၊၆ရက်နေ့မှာ လေဖိအားရပ်ဝန်းအဆင့်အထိရောက်ရှိလာနိုင်ပြီး နောက် တစ်ဖြည်းဖြည်းချင်း အားဆက်ကောင်းလာကာ မုန်တိုင်းငယ် (Depression) အဆင့်အထိရောက်ရှိလာနိုင်ပါတယ်လို့ ခန့်မှန်းပေးထားပါတယ်။

လမ်းကြောင်းအနေနဲ့ကတော့အိန္ဒိယနိုင်ငံဘက်ကိုဝင်ရောက်သွားနိုင်တယ်လို့တော့ကနဦးခန့်မှန်းတွက်ချက်ရရှိထားပါပြီးမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုနှင့်မိုးရွာသွန်းနိုင်မှုအခြေအနေများအား

အပတ်စဥ်ခန့်မှန်းချက်မှာအသေးစိတ် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပြီးယခုခန့်မှန်းချက်သည် ရေလုပ်သားများ၊ဆားလုပ်ငန်းရှင်များ၊အုတ်လုပ်ငန်းလုပ်ကိုင်နေကြသူများ၊စိုက်ပျိုးရေးပြုလုပ်ကြမည့်တောင်သူဦးကြီးများ

ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ကနဦးအကြိုခန့်မှန်းချက်ထုတ်ပြန်ပေးခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။စိုက်ပျိုးရေးပြုလုပ်ကြသူများ၊ ဆားလုပ်ငန်းရှင်များနှင့် အခြားရေထိမခံသောလုပ်ငန်းရှင်များအနေဖြင့် ကြိုတင်သိရှိပြင်ဆင်ထားနိုင်ကြစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source:ဝေဖြိုးဟန်(လေကြောင်းမိုးလေဝသ)

လာမည့္စက္တင္ဘာပထမပတ္အတြင္းမုန္တိုင္းငယ္ေရာက္ရွိလာႏိုင္

စက္တင္ဘာလပထမပတ္အတြင္္းမွာ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းမွာေလဖိအားနည္းရပ္ဝန္းတစ္ခုျဖစ္ေပၚ လာႏိုင္ၿပီးအားဆက္လက္ေကာင္းလာကာမုန္တိုင္းငယ္(Depression)အဆင့္အထိေရာက္ရွိလာႏိုင္တယ္လို႔

ေလေၾကာင္းမိုးေလဝသပညာရွင္ ေဝၿဖိဳးဟန္မွႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။ၾသဂုတ္လ ၃၁ ရက္ေန႔မိုးေလဝသတိုင္းတာခ်က္မ်ားအရဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းႏွင့္

ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းမွာလာမည့္ စက္တင္ဘာလ၄ရက္ေန႔ မွာေလထုမၿငိမ္သက္မႈတစ္ခုျဖစ္ေပၚလာႏိုင္ၿပီး ဆက္လက္အားေကာင္းလာကာ

၅၊၆ရက္ေန႔မွာ ေလဖိအားရပ္ဝန္းအဆင့္အထိေရာက္ရွိလာႏိုင္ၿပီး ေနာက္ တစ္ျဖည္းျဖည္းခ်င္း အားဆက္ေကာင္းလာကာ မုန္တိုင္းငယ္ (Depression) အဆင့္အထိေရာက္ရွိလာႏိုင္ပါတယ္လို႔ ခန႔္မွန္းေပးထားပါတယ္။

လမ္းေၾကာင္းအေနနဲ႔ကေတာ့အိႏၵိယႏိုင္ငံဘက္ကိုဝင္ေရာက္သြားႏိုင္တယ္လို႔ေတာ့ကနဦးခန္႔မွန္းတြက္ခ်က္ရရွိထားပါၿပီးျမန္မာႏိုင္ငံအေပၚအက်ိဳးသက္ေရာက္မႈႏွင့္မိုး႐ြာသြန္းႏိုင္မႈအေျခအေနမ်ားအား

အပတ္စဥ္ခန္႔မွန္းခ်က္မွာအေသးစိတ္ ဆက္လက္ေဖာ္ျပေပးသြားမွာျဖစ္ၿပီးယခုခန္႔မွန္းခ်က္သည္ ေရလုပ္သားမ်ား၊ဆားလုပ္ငန္းရွင္မ်ား၊အုတ္လုပ္ငန္းလုပ္ကိုင္ေနၾကသူမ်ား၊စိုက္ပ်ိဳးေရးျပဳလုပ္ၾကမည့္ေတာင္သူဦးႀကီးမ်ား

ႀကိဳတင္ျပင္ဆင္ခ်ိန္ရရွိေအာင္ ကနဦးအႀကိဳခန္႔မွန္းခ်က္ထုတ္ျပန္ေပးျခင္းသာျဖစ္တယ္လို႔ဆိုပါတယ္။စိုက္ပ်ိဳးေရးျပဳလုပ္ၾကသူမ်ား၊ ဆားလုပ္ငန္းရွင္မ်ားႏွင့္ အျခားေရထိမခံေသာလုပ္ငန္းရွင္မ်ားအေနျဖင့္ ႀကိဳတင္သိရွိျပင္ဆင္ထားႏိုင္ၾကေစဖို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source:ေဝၿဖိဳးဟန္(ေလေၾကာင္းမိုးေလဝသ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *