အကယ်ဒမီးဆုများနဲ့ လွဲလျော်ခဲ့ရသော နိုင်ငံကျော်မင်းသမီးခင်းသန်းနု

အကယ်ဒမီးဆုများနဲ့ လွဲလျော်ခဲ့ရသော နိုင်ငံကျော်မင်းသမီးခင်းသန်းနု

ရုပ်ရှင်မင်းသမီး ခင်သန်းနု ဟာ ၁၉၆၄ ခုနှစ်လောက်ကနေ ၁၉၈၅ ခုနှစ်ထိမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးထိပ်တန်းမင်းသမီးစာရင်းဝင်ပြီး အကယ်ဒမီဆန်ကာတင်ကားတွေများခဲ့ပေမယ့် ၁၉၈၅ ခုနှစ်ထိ အကယ်ဒမီတစ်ဆုပဲရသေးရှာတယ်။

ဒါကြောင့် သူမရဲ့ပရိသတ်တွေလည်း မချင့်မရဲဖြစ်ကြရတယ်။မှုံရွှေရည် မှာထင်ကြေးပေးခံရပေမယ့်လွဲခဲ့တယ်။နေဇာမှာလည်းလွဲခဲ့တယ်။၁၉၈၅ခုနှစ်မှာသင်္ကြန်မိုးအရမ်းအောင်မြင်ပြီး ‘ ဒီတစ်ခါတော့တကယ်ကျိန်းသေပြီ။

ခင်သန်းနုဒုတိယအကယ်ဒမီရပြီ ‘ဆိုပြီးပရိသတ်တွေ စာနယ်ဇင်းသမားတွေရောအကုန်လုံးကရပြီဆိုပြီးတွက်ထားကြတာ။ ခင်သန်းနုကိုယ်တိုင်လည်း သေချာပြင်ဆင်ပြီးပွဲတက်လာခဲ့တာ။

တကယ်တမ်း ‘ အကောင်းဆုံးမင်းသမီးဆု ‘ လည်းကြေညာရောကြေညာသူက ‘ ခင် …. ‘ ဆိုပြီးသံရှည်ဆွဲပြောပြီးမှ ‘ ခင် ….. သီတာထွန်း ‘ ဆိုပြီးကြေညာလိုက်တယ်။ ခင်သန်းနုက interview တစ်ခုမှာဖြေထားတာ မှတ်မိသေးတယ် ။

‘ ခင် … ‘ ဆိုတဲ့အသံကြားချိန်မှာ သူရင်တွေခုန်ပြီး ပျော်မယ့်စိတ်ဖြစ်ကာစအချိန်မှာ ‘သီတာထွန်း ‘ ဆိုပြီးလည်းကြားလိုက်တော့ သူ့ရဲ့မျက်လုံးတွေပြာသွားပြီး ရင်ထဲမှာပူဆင်းသွားတယ်ဆိုတဲ့ခံစားချက်ကို interview မှာဖတ်လိုက်ရတော့

ကိုယ်တိုင်ခံစားရသလို ထပ်တူစိတ်မကောင်းဖြစ်မိတယ် ။၁၉၈၅ ခုနှစ်ထိ ခင်သန်းနုက အကယ်ဒမီတစ်ဆုထဲရချိန်မှာ သူမနဲ့ခေတ်ပြိုင်တွေဖြစ်တဲ့ ဝါဝါဝင်းရွှေက (၃) ဆု၊ ချိုပြုံးက (၂) ဆု၊

ခင်သီတာထွန်းက(၃) ဆု(အဲဒီနှစ်မှာခင်သန်းနုမရဘဲခင်သီတာထွန်းရသွားလို့ ၃ ဆုဖြစ်သွားတာပါ ) အသီးသီးရရှိထားကြတယ်ပါတယ်။၁၉၉၂ ခုနှစ်မှာလည်း ခိုင်မာလာနှင်းဆီ ကားနဲ့ တတိယအကယ်ဒမီရဖို့ တစ်ပြေးခဲ့ပြန်တယ်။

စာနယ်ဇင်းတွေကလည်းရမယ်မှန်းခဲ့တယ်။ ဒါပေမယ့် မထင်မှတ်ဘဲမေသန်းနု ရသွားခဲ့တယ်။၁၉၉၇ ခုနှစ်မှာလည်း အနှိုင်းမဲ့ရင်ခွင်ကားနဲ့ ဇာတ်ပို့ဆုရမယ်လို့ တစ်ပြေးခဲ့တယ်။ ဒါပေမယ့်အဲဒီနှစ်ကဇာတ်ပို့ဆုကိုနန္ဒာလှိုင်ကရသွားခဲ့တယ်။

၁၉၉၉ လောက်မှာ Popular Journal က ကမကထလုပ်ပြီး (၂၀) ရာစု မြန်မာ့အလှဆုံးမင်းသမီးဆိုပြီးပရိသတ်တွေဆီစစ်တမ်းကောက်ခဲ့တာခင်သန်းနုကို ပရိသတ်အများဆုံးမဲပေးခဲ့ပြီး

အဲဒီအချိန်ကလှသွေးကြွယ်ပြီး Super ဖြစ်နေတဲ့ နန္ဒာလှိုင် ၊ ထက်ထက်မိုးဦး ၊ မေသန်းနုတို့ကိုကျော်ပြီးခင်သန်းနုက(၂၀) ရာစု မြန်မာ့အလှဆုံးမင်းသမီးဆုကိုရခဲ့တယ် ။ဘာပဲဖြစ်ဖြစ် ပရိသတ်ရဲ့ရင်ထဲမှာတော့ ခင်သန်းနုကို ထာဝရအကယ်ဒမီ ပေးအပ်လျက်ပါ

မူရင်းရေးသားသူအား Credit ပေးပါတယ်ခင်ဗျာ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *