မိဘနှစ်ပါးအတွက်ရည်စူးပြီးစောမွန်လှတည်ထားခဲ့သော ရွှေကြေးစည်စေတီအတွက်ဆိုလာမီးများလှူဒါန်းလိုက်တဲ့ သရုပ်ဆောင်လပြည့်

MRTV-4 ဇာတ်လမ်းတွဲတွေ သရုပ်ဆောင်ရင်း ပရိသတ်ရင်ထဲကို ရောက်ရှိခဲ့တဲ့ သရုပ်ဆောင် မင်းသားချောလပြည့် ရဲ့ချစ်လှစွာသောမခင်ကတော့ လွန်ခဲ့တဲ့တစ်နှစ်ကပဲဆုံးပါးသွားပြီး




ချစ်လှစွာသော ဖခင်ဟာ၂၀၂၁ဇူလိုင်လ ၂၅ရက်နေ့မှာ ကိုဗစ်နဲ့ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင်လပြည့်ရဲ့ အဖေနဲ့အမေဆုံးတာက တစ်နှစ်ကျော်ပဲကွာပြီး ဆုံးတဲ့အချိန်ကတစ်ချိန်တည်းဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။




သရုပ်ဆောင်လပြည့်ဟာဆုံးပါးသွားတဲ့မိဘနှစ်ပါးအတွက် ရည်စူးပြီး ဆိုလာများလှူဒါန်းလိုက်တာပဲဖြစ်ပါတယ်။




သရုပ်ဆောင်လပြည့်ပူဇော်ခဲ့တာကတော့ မူလဘုရားဒကာမကြီးစောမွန်လှ တည်ထားခဲ့သော ရွှေကြေးစည်စေတီတွင်အလင်းဓာတ်နဲ့ ညစဉ်ပူဇော်နိုင်ရန်အတွက် ကွယ်လွန်သူ ဖခင်ကြီး ဦးသိန်းဦး နှင့် မိခင်ကြီးဒေါ် လှလှဝင်း တို့အားရည်စူး၍ သရုပ်ဆောင်လပြည့် နှင့်ကျန်ရစ်သူ သားသမီးများက ဆိုလာမီးနှင့်မီးတိုင်ကို လှူဒါန်းလိုက်တာပဲဖြစ်ပါတယ်။




လှူဒါန်းမှုနဲ့ပတ်သတ်ပြီးလပြည့်က “အဖေနဲ့အမေနှင့်တကွအားလုံးအမျှပေးဝေပါတယ် အဖေနဲ့အမေရောက်ရာ ဘုံဘဝကနေသာဓုခေါ်ပါဆိုပြီး “




သရုပ်ဆောင်လပြည့်၏လူမှုစာမျက်နှာမှာလည်းရေးသားထားပါတယ်။လပြည့်နဲ့အတူ ပရိတ်သတ်ကြီးကလည်း သာဓုခေါ်ဆိုနိုင်ရန် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။







