ထိုင်းစတိုင် ငါးဆားအုံမီးကင်လုပ်နည်း
ပါဝင်ပစ္စည်းများ- နှစ်သက်ရာငါးတစ်ကောင်၊ စပါးလင်အနည်းငယ်၊နံနံပင်အနည်းငယ်၊သံပုရာသီး၊ဆားကြမ်း၊ကြက်ဥအကာ၊ရှမ်းနံနံအနည်းငယ်၊ငရုပ်သီးစိမ်းအနည်းငယ်၊ငံပြာရည် တို့လိုအပ်ပါတယ်

ချက်ပြုတ်နည်း
ငါးတစ်ကောင်ကိုကြေးခွံမခွာဘဲဗိုက်ခွဲသန့်စင်ပြီးအထဲကအရာများအားလုံးထုတ်ပါ၊ပါးဟတ်ဖယ်ကာရေဆေးထားပါ။ထုထားသောစပါးလင်၊ရှမ်းနံနံ၊သံပုရာသီးအနည်းငယ်နှင့်အစပ်ကြိုက်သူတွေအတွက် ငရုတ်သီးအနည်းငယ်ကို ငါးကင်လျှင်အနံ့မွှေးစေဖို့အတွက်ခွဲထားသောဗိုက်ထဲသို့အစာသွပ်ပေးပါ။
ဆားကြမ်းထဲကို ကြက်ဥအကာထည့်ပြီး ရောနယ်ပါမယ်။ပြီးရင်ငါးအပေါ်နေရာအနှံ့ ဆားကြမ်းအုံပေးပါ။(သတိထားဖို့အတွက် ဆားကြမ်းသုတ်တဲ့အခါ ဆားတွေကိုအရမ်းထူမသွားစေဖို့လိုပါတယ်။ထူသွားပါကငါးအတွင်းပိုင်းထဲထိမကျက်ဘဲဖြစ်တက်ပါတယ်။

ပြီးရင် ၁၅မိနစ်ခန့် လေသလပ်ခံပေးပါ။ပြီးမှငါးကိုကင်ပါ။တူးမသွားစေရန်ဟိုဘက်ဒီဘက်လှန်ပြီးမိနစ်၃၀ခန့်ကင်ပေးရပါမယ်။အချိန်ပြည့်လို့ကျက်ပြီဆိုငါးရဲ့အပေါ်လွှာကိုဖယ်ပြီးအတွင်းမှအသားဖြူဖြူလေးကိုစားလို့ရပါပြီ။အတော်လေးကောင်းမွန်တဲ့ငါးဆားအုံလေးပါရှင့်။
အချဉ်ရည်ဖျာ်ဖို့အတွက် နံနံပင်၊စပါးလင်၊ငရုတ်သီးစမ်း၊ငံပြာရည်၊သံပုရာရည်အနည်းငယ်၊သကြား၊ဆား၊အရသာမှုန့်အနည်းငယ်တို့ထည့်ပြီးကြိတ်စက်ထဲထည့်ကြိတ်ပေးပါမယ်။ရပါပြီ ငါးဆားအုံမီးကင်နဲ့စားဖို့အတွက်အချဉ်လေး။

ငါးဆားအုံမီးကင်ကို ဆလက်ရွက်၊မုန့်ဖတ်၊သခွားသီး၊မုန်လာဥနီများနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်ရှင့်။အားလုံးအဆင်ပြေကြပါစေရှင့်။