သားသမီးမယူမိခဲ့လို့ခုတော့နောင်တရနေပါပြီလို့ အားငယ်စွာပြောလာတဲ့ဟာသသရုပ်ဆောင် ဦးချစ်စရာ”
သားသမီးမယူခဲ့လို့ခုတော့နောင်တရနေပါပြီလို့ အားငယ်စွာပြောလာတဲ့ဟာသသရုပ်ဆောင် ဦးချစ်စရာ”
တချိန်ကအငြိမ့်ပွဲတော်တော်များများမှာ ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီးတဦးဖြစ်တဲ့ ဦးချစ်စရာကသူ့ဘဝအကြောင်းနဲ့ပတ်သက်ပြီး နောင်တရအားငယ်ချက်တချို့ကိုအခုလိုပဲရင်ဖွင့်လာပါတယ်။
သူ့ဘဝမှာသူများတွေလိုပဲမိသားစုစုံစုံလင်လင်နဲ့ နေချင်တဲ့အကြောင်းနဲ့သူများတွေမိသားစုနဲ့ ပျော်ပါးစုံလင်နေတာမြင်ရင်အားကျမိတာကြောင့်လို့ဆိုပါတယ်။
ဒါပေမယ့် ဇနီးဖြစ်သူရဲ့ နှလုံးရောဂါကြောင့်သားသမီးမယူခဲ့ဖြစ်လို့ သားထောက်သမီးခံ တယောက်မှမရှိတဲ့သူ့ဘဝကို အားငယ်နေကြောင်းအခုလိုရင်ဖွင့်ပြောပြလာတာပါ။
“သူများ မိသားစုတွေ ပျော်ပါးနေတာ မြင်ရင် အားကျတယ်။ မိသားစု ပျော်ပျော်ပါးပါးလေး သားသမီးတွေ၊ ဇနီးမယား စုံစုံလင်လင် နဲ့ သိပ်နေချင်တယ်။ဦးရဲ့အမျိုးသမီးနှလုံးရောဂါကြောင့်ကလေးယူရင်အန္တရာယ်ဖြစ်မှာစိုးလို့ သားသမီး မယူဖြစ်ခဲ့ဘူး။
အခု အမျိုးသမီး ဆုံးသွားတာ (၃) နှစ် ကျော်ပြီ။ကျောထောက် နောက်ခံ သားသမီး မရှိဘဲ တစ် ယောက်တည်းမို့ အားငယ်တယ်” လို့ ပြောလာတဲ့ သရုပ်ဆောင် လူရွှင်တော် ဦးချစ်စရာကို တခုခုအားပေးစကားလေးပြောသွားပေးပါဦးနော်။
ဦးချစ်စရာက အခုဆိုရင် အသက် (၇၀) ကျော်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး ကျန်းကျန်းမာမာပဲရှိနေတုန်းဖြစ်ပါတယ်။အဆုံးထိဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်နော်။။
crd
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *