အစာအိမ်ကြောင့်ဆန်ပြုတ်ကျိုသောက်နေသူများအတွက်လက်တွေ့ပျောက်တဲ့ဗန်ဒါရွက်အစွမ်းအံ့မခန်း

အစာအိမ်ကြောင့်ဆန်ပြုတ်ကျိုသောက်နေသူများအတွက်လက်တွေ့ပျောက်တဲ့ဗန်ဒါရွက်အစွမ်းအံ့မခန်း

ဗန်ဒါရွက်-ဗန်ဒါသီး မသိသူကျော်သွားသိသူဖော်စားဆိုတဲ့စကားဟာ စကားပုံမဟုတ်ပါဘူး ။ဒီနေ့မိသားစုတို့ကိုပြောပြချင်တဲ့ဆေးနည်းကဗန်ဒါရွက်အစွမ်းထက်ပုံအကြောင်းပါ။

ဗန်ဒါ(ဗာဒံ)ရွက်ဗာဒံသီးဟာမြေပြန့်ဒေသပူအိုက်တဲ့ရာသီဥတုအတွက်တော့မြန်မြန်နဲ့လွယ်လွယ်အရိပ်ရလို့တချိူ့ကမိမိအိမ်ခြံဝင်းမှာအရိပ်ရအောင်စိုက်ကြတယ်နေရာတိုင်းမှာလည်းအလေ့ကျပေါက်ပါတယ်။

သို့သော် ဗန်ဒါပင်ရဲ့အစွမ်းကိုတော့သိသူနည်းပါးပါတယ်။ဗန်ဒါ ရွက်(ယခုပုံ)မှာပြထားတဲ့အတိုင်းဗန်ဒါရွက်အရင့်ကို ၃ခွက်၁ခွက်တင်ကျိူ ပီးသောက်ပေးခြင်းဖြင့်အစာအိမ်လေနာ၊အစာအိမ်အောင့်၊အစာအဆိပ်သင့်၊ဝမ်းဖောဝမ်းရောင်၊ကိုက်ခဲနာကျင်တာတွေလက်တွေ့ပျောက်တဲ့ဆေးပါ။

ဆန်ပြုတ်ကျိူ သောက်နေရသူအစာအိမ်သမားတွေအတွက် သဘာဝကပေးတဲ့ဆေးဖြစ်တယ် ဆီးဝမ်းသွေးလေ မကွဲအထက်လေဆန်ဖြစ်နေရင်ကျိူသောက်ပျောက်တဲ့ဆေးလည်းဖြစ်တယ်။

တချိူ့က ဗန်ဒါ ရွက်ကို နေရိပ်မှာလှန်းပီးအမှုန့်လုပ်ပီး လျက်ဆားလျက်သလို စားကြပါတယ်။ အမှုန့်လုပ်သောက်နိူင်ရင်ပိုကောင်းတယ်။ကျနော်အရင်က အစာအိမ်ရောဂါဝေဒနာကို အလူးအလိမ့်ခံစားခဲ့ရတယ်။

ဆန်ပြုတ်ကိုလချီသောက်ရတယ်။ဆန်ပြုတ်သောက်တိုင်းမျက်ရည်ကျခဲ့ရတယ်။ ဆေးရုံမှာ၁လကျော်၂လနီးပါးတက်ရောက်ကုသဖူးတယ် စိတ်ဓာတ်တွေလည်းကျခဲ့တယ်။

ငါ ဒီရောဂါနဲ့သေရတော့မယ်ဆိုတဲ့အသိနဲ့ပါ သေမယ့်သေရင်တောင်ကိုယ်စားချင်တာစားပီးသေချင်တယ်။ ကျနော်စိတ်ညစ်ညစ်နဲ့ဖုန်းကြည့်တယ်အစာအိမ်နဲ့ပတ်သက်ပီးဆေးတော့ရှိရမယ်ပေါ့ဗျာ။

လိုင်းပေါ်ရှာတယ် ကံကောင်းလို့ထောက်မ စွာနဲ့ ဗန်ဒါရွက်ရဲ့အစွမ်းသတ္တိကိုမြည်းစမ်းခွင့်ရခဲ့တယ်ချက်ချင်းပဲလိုက်ရှာခူးတယ်အပင်ကမဝေးပါဘူးကိုယ့်အနီးအးနာမှာပဲအဆင်သင့်ရှိနေခဲ့တယ် ၁၀ရွက်လောက်ကျိူ သောက်လိုက်တယ်ဆိုရင်ပဲ

နာကျင်ကိုက်ခဲနေတာတွေတဖြည်းဖြည်းသက်သာလာတယ်အချိန် ၁၀မိနစ်ပါပဲ သောက်ပီးမကြာဘူးဗိုကိဆာလာတယ်။ ကြာဇံဟင်းခါး ၂ပွဲဆက်တိုက်သောက်လိုက်တယ် ။ဗန်ဒါရွက်ပြုတ်ထပ်သောက်တယ်။

ထမင်းစားတယ် ယူပစ်လိုက်သလိုပဲလုံးဝကောင်းသွားတယ် ။ဘာမှစားလို့မရတဲ့လူက စားချင်တာစားလို့ရသွားပီအခုလည်းအိမ်ကသမီး ကျောက်ကပ်ရောင်လို့ဗိုက်ကြီးဖောင်းကားနေတာ ဗန်ဒါ ရွက်၂ရက် တနေ့၂ခွက်ပဲတိုက်လိုက်တယ်။

ဒီနေ့၃ရက်မြှောက်နေ့မှာပဲဗိုက်ကြီးဖောင်းကားနေတာလုံးဝလျော့သွားလို့သမီးလည်းသက်တောင့်သက်သာဖြစ်ပီးအရမ်းပျော်နေပါတယ် ။ဒူးနာခါးနာတွေအတွက်အရွက်မနုမရင့်ကို မီးနဲနဲပြပီးစည်းထားကြပ်ထုတ်ထိုးထားပေးရင်လည်းသက်သာပျောက်ကင်းပါတယ်။

ဗန်ဒါစေ့ကတော့ နှလုံး ဆီးချိူ သွေးချိူ ရောဂါ သည်တွေအတွက်အထူးကောင်းလို့ စားပေးသင့်ပါတယ် ဗန်ဒါစေ့ကို အနောက်နိူင်ငံတွေမှာ ဧည့်ခံပွဲတွေမှာ အထူးဟင်းလျာအဖြစ်တည်ခင်းပါတယ်။

ချော့ကလက် ထဲမှာထည့်သွင်းရောင်းချတယ် ၁ဂရန်ကို ၁၀၀ဒေါ်လာနဲ့ရောင်းချနေကြတယ်။သိတဲ့သူကဗန်ဒါစေ့ကိုထုခွဲစားရင်လည်းအမေးအမြန်းမရှိတန်းပီးကဲ့ရဲ့အပြစ်တင်တာတွေရှိတယ်။

ကျနော်တို့မြန်မာပြည်မှာတော့ပေါပေါရလို့ရောင်းချသူမပြောနဲ့စားသုံးသူတောင်မရှိဘူးး ဟုတ်ကဲ့ပါစာလည်းရှည်သွားပီအပိုတွေလည်းပြောမိသွားပီစာကိုဆုံးအောင်ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ…

Credit; original uploader.

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *