လွယ်လွယ်ကူကူ Home made နွားနို့ခဲလုပ်နည်း

လွယ်လွယ်ကူကူ Home made နွားနို့ခဲလုပ်နည်း

နွားနို့ခဲကြိုက်တဲ့သူတွေအတွက် အပြင်ကဝယ်တဲ့ နွားနို့ခဲတွေက မစစ်မှာ ကို စိတ်ပူနေရတယ်။ အခုလို မိမိအိမ်မှာ လွယ်ကူစွာနွားနို့ခဲပြုလုပ်လို့ရပါတယ်ဆိုတာ ပြောပြပေးလိုက်ပြီနော်။

နွားနို့ခဲ လုပ်ဖို့လိုအပ်တဲ့ပစ္စည်းများကတော့ အဓိကပါ၀င်ပစ္စည်း နွားနဲ့ ပန်းသီးရှာလကာရည်နှစ်မျိုးပဲလိုပါတယ်။

ပြုလုပ်နည်း

အိုးတလုံးထဲသို့ နွားနို့ ထည့်ကာ မီးဖိုပေါ်မှာမီးအနေတော်ဖြင့်တည်ကျိုပါ။ကျိုနေစဉ် နွားနို့များလျှံမကျစေရန် သစ်သား ယောင်းမလေးဖြင့်အဆက်မပြတ် မွှေပေးပါ။

နွားနို့များစတင်ဆူပွက်လာပါကကိုယ်ကျိုတဲ့ နွားနို့ အချိုးအစားအပေါ်မှုတည်ပြီး ကိုရီးယားပန်းသီးရှာလကာရည်လိုသလောက်ထည့်၍ နွားနို့ဖတ်သပ်သပ်၊ ရေသပ်သပ်စီကွဲထွက်လာသည်အထိ မွှေကျိုပေးပါ။

ထို့နောက် ပိတ်စပေါ်သို့လောင်းထည့်ကာရေစစ်၍ထုတ်ထားပြီးအပေါ်မှငရုတ်ဆုံအလေးဖိထားပေးပါ ။ ၁၅ မိနစ်ကြာပြီဆိုနွားနို့ခဲလေးရပါပြီ။




ပြုလုပ်နည်း





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *