နောက်လဆိုလူလောကထဲရောက်လာတော့မယ့်ရင်သွေးလေးကြောင့် သူ၏မိဘများနဲ့ပတ်သတ်ပြီးပြောပြလာတဲ့ သရုပ်ဆောင်နက္ခ

နောက်လဆိုလူလောကထဲရောက်လာတော့မယ့်ရင်သွေးလေးကြောင့် သူ၏မိဘများနဲ့ပတ်သတ်ပြီးပြောပြလာတဲ့ သရုပ်ဆောင်နက္ခ

မင်းသား နက္ခသည် MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှ ထင်ရှားကျော်ကြားလာခဲ့သူ မင်းသားချောလေးတစ်ယောက်ဖြစ်ပါသည်။

မင်းသား နက္ခသည် အနုပညာ အပြင်ဘက် လှုပ်ရှားမှူ့ များတွင်မူ အနေအထိုင် အေးဆေး၍ တည်ငြိမ်သော မင်းသားတစ်ဦးလည်းဖြစ်သည်။

နက္ခအနေဖြင့်လည်း သူ၏သရုပ်ဆောင်မှူ့ ဟန်ပန်အမူအယာများကြောင့်ပရိသတ်၏ ချစ်ခြင်းကို ရရှိပိုင်ဆိုင်ထားသူလည်းဖြစ်သည်။

မကြာသေးခင်ကလည်းသူ၏ချစ်ဇနီးအပေါ်ထားတဲ့ ခံစားချက်လေးတွေလည်းပြောပြထားပါသေးတယ်။

ယနေ့မှာလည်း နောက်လဆို မွေးဖွားလာတော့မယ့် သူ၏ရင်သွေးငယ်လေးကြောင့် နက္ခမိဘများ၏ ကျေးဇူးတရားတွေကိုလည်း ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

“နောက်လဆိုရင် ကျွန်တော်ရဲ့ရင်သွေးလေးကလူ့လောက ထဲရောက်လာတော့မှာဆိုတော့ ကိုယ်တိုင် ဖခင်ဆိုတဲ့နေရာရောက်တော့မယ့် အတွက်ပျော်ရွှင်ကြည်နှုးမိတယ်

ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ သားတစ်ယောက် ဖြစ်ခဲ့ရတာလပိုင်းလောက်ပဲရှိသေးတဲ့အချိန်မှာ ကိုယ်တိုင်ကဖခင်ဖြစ်တော့မယ်ဆိုတော့အဖေအမေရဲ့မေတ္တာတရားတွေကိုပိုခံစားတတ်လာတယ်

သရုပ်ဆာင်နက္ခ ဗိုက်ထဲလွယ်ထားတဲ့အချိန်ကပုံလေး

ကျွန်တော့်အမေကျွန်တော့်ကိုကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာအဖေနဲ့ အမေဘယ်လောက် ပျော်ရွှင်ကြည်နှုးနေမယ်ဆိုတာ ကျွန်တော်သေသေချာချာ ခံစားမိပါတယ်

ဒီအချိန်မှာ အ ဖေ ကျနော့ဘေးမှာရှိနေသေးရင်အဖေ ပြော တဲ့ဆုံးမ စကားတွေ သားကြားချင်သေးတယ်ဗျာ..ကျေးဇူးရှင် အဖေနဲ့ အမေကိုအမြဲရှိခိုးဦးချလျက်ပါ??” ဆိုပြီး

ပြောပြထားတာလေးကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်မျှဝေပေးလိုက်ရပါတယ်။သရုပ်ဆောင် နက္ခဟာဆို ရုပ်ရည်လေးချေားမောရုံသာမက သားလိမ္မာ၊ ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *