ဝေဠုကျော်ဖောင်ဒေးရှင်းမှ အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင်ဦးရွှေအိုးအားသွားရောက်လှူဒါန်း




“ဝေဠုကျော် ဖောင်ဒေးရှင်း” ကတော့ လူမှုကူညီရေးအသင်းများနဲ့ တွဲဖက်ကာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပိုးတွေ့လူနာများကိုပို့ဆောင်ပေးခြင်း၊

ဆက်စပ်လူနာများကို Quarantine စင်တာများသို့ ပို့ဆောင်ပေးခြင်းစတဲ့လုပ်ငန်းများလုပ်ကိုင်လျက်ရှိတဲ့အပြင် အခက်အခဲဖြစ်နေတဲ့ မိဘပြည်သူများနဲ့ အနုပညာရှင်များကိုပါ သွားရောက်လှူဒါန်းမှုလေးတွေပါလုပ်ပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါတယ်။




ဒီနေ့မှာတော့ မနေ့ကသွားရောက်လှူဒါန်းခဲ့တဲ့အကြောင်းလေးတွေတင်ပြလာခဲ့တဲ့အထဲမှာ ၀ါရင့်ဇာတ်ပို့သရုပ်ဆောင်ဦးရွှေအိုးအား သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။




ဝေဠုကျော်ဖောင်ဒေးရှင်းမှအဆင်မပြေ ကြပ်တည်းနေတယ့် သရုပ်ဆောင် ဦးရွှေအိုး အား (၂၆.၈.၂၀၂၁)ရက်မနေ့ကသွားရောက် ထောက်ပံ့ ကူညီပေးခဲ့ပါတယ်။

ဆန် တစ်အိတ် ၊ဆီ ၂ပိဿာ၊ မျှစ်ခြောက်၊ကြက်ဥ ၃၀လုံး၊အဝတ်အထည်အသစ်များ Mask ၊လက်သန့်ဆေး၊ဆေးဝါးများနှင့် အလှူငွေ ၅သောင်းကျပ် တို့ကို တတ်နိူင်သလောက်လေးသွားရောက် ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။




ချစ်သောပရိတ်သတ်ကြီးများလည်း ဝေဠူကျော်ဖာင်ဒေးရှင်းအား လှူဒါန်းလိုပါက အောက်ကဖုန်းနံပါတ်လေးတွေကနေ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484