“ရန်ကုန်မြို့ထဲမှာ ဝှီးချဲလေးနဲ့ ဗေဒင်ဟောတာအရမ်းမှန်တဲ့ အဘဦးအေးမြင့်”
ဖော်ပြပါအဘက ရန်ကုန်မြို့ထဲမှာဝှီးချဲလေးနဲ့ ဗေဒင်ဟောတဲ့အဘဦးအေးမြင့်ဖြစ်ပါတယ်။ အဘကသူတတ်စွမ်းတဲ့ပညာရပ်နဲ့ ဝမ်းရေးအတွက်အလုပ်လုပ်နေတာပါ။




ဒီနေ့အဘနဲ့လမ်းမှာတွေ့ခဲ့တဲ့ပြည်သူတစ်ဦးက အဘအကြောင်းရေးသားထားတာက….”ဘဘကမြို့ထဲမှာတစ်ယောက်တည်းဝှီးချဲလေးလှိမ့်ပြီးသွားနေလို့ သမီးပို့ပေးမယ်ဘယ်သွားချင်လည်း




ဆိုပြီးသွားချင်တဲ့နေရာကိုတွန်းပို့ပေးရင်းနဲ့ လမ်းမှာ နာမည်မေးရော ။အဲ့တာနဲ့နာမည်အရင်းမပြောလိုက်တာကိုအပြည့်အစုံပြော နာမည်နှစ်ခုရှိတယ်မဟုတ်လားဆိုလို့လန့်သွားတာပဲ။




အလုပ်လျှောက်ထားတာလည်းရလိမ့်မယ်ဆိုတော့ သေချာတယ်ဒီအဘ ဗေဒင်တွက်တတ်တယ်ထင်တယ်ပေါ့ ။တကယ်လည်းဗေဒင်ဆရာဖြစ်နေတယ်။ကူညီပေးလို့အဘဗေဒင်တွက်ပေးမယ်ဆိုပြီးတွက်ပေးတာ တကယ်သွေးထွက်အောင်ကိုမှန်တာ။




ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ အမေ့ကျန်းမာရေးအခြေအနေကအစကိုယ်မပြောပြပဲနဲ့သူအတိအကျကြီးဟောပေးတာ တော်တော်မှန်လို့လန့်တောင်လန့်တယ်။ပြီးမှ ဝှီးချဲနောက်မှာချိတ်မယ့်ကတ်ပြားလေးထုတ်ပြတယ်။




အဘကိုဘာမေးမေး ကြိုက်သလောက်မေးပြီး ၅၀၀၀ ၁၀၀၀၀ ပေးလို့ရပါတယ်။ဖုန်းဆက်မေးလို့လည်းရတယ် မေးပြီးရင် wave ကလွှဲပေး သူထုတ်တတ်တယ်တဲ့။သမီးသူငယ်ချင်းတွေမေးချင်ရင်အဘဆီလာအောင်လို့ပြောပြလိုက်မယ်နော်ဆိုပြီး




ဝှီးချဲနောက်မှာကတ်ပြားလေးချိတ်ပြီးဓာတ်ပုံရိုက်တော့ကိုသူ့ပုံကိုလည်းရိုက်ပေးဆိုပြီးပြုံးနေတာပဲ။အဘကသဘောလည်းအရမ်းကောင်းပြီးအရမ်းမှန်လို့ နိုင်သလောက်ငွေလေးနဲ့ကန်တော့ခဲ့သေးတော့ဝမ်းတွေသာပြီးဆုတွေပေးလို့ပီတိတွေထပ်ဖြစ်ရ။




အဘဆီမှာဗေဒင်လေးမေးရင်းကုသိုလ်ယူပေးကြပါအုံးနော် “လို့အဘနဲ့ပတ်သက်လို့ပြည်သူတစ်ဦးက လူမူကွန်ယက်မှာရေးသားထားပါတယ်။မြိုထဲမှာအဘနဲ့များတွေ့ခဲ့ရင် ဗေဒင်မေးချင်မေးလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။
ခရက်ဒစ်