ဆေးရုံကမွေးပေးလို့မရဘူးပြောလို့ လက်သည်နှင့်ကလေးမီးဖွားရင်း မိခင်နဲ့ မွေးကင်းစအမြွှာကလေး(၂)ယောက်လုံးသေဆုံးခဲ့ရ

ဆေးရုံကမွေးပေးလို့မရဘူးပြောလို့ အိမ်တွင်လက်သည်နှင့်ကလေးမီးဖွားရင်း မိခင်နဲ့ မွေးကင်းစအမြွှာကလေး(၂)ယောက်လုံးသေဆုံးခဲ့ရ

မိတ္ထီလာမြို့နန်းတော်ကုန်းရပ်ကွက် မှကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဆေးရုံသို့သွားပေမဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကမွေး​ပေးလို့မရဘူးပြောပြီး နေပြည်တော်ကိုလွှဲလို့

အိမ်တွင် လက်သည်နှင့် ကလေးမီးဖွားရင်း မိခင်နဲ့မွေးကင်းစအမြွှာကလေး (၂)ယောက်လုံး (၂၆.၈.၂၀၂၁)ရက်ယနေ့မှာ သေဆုံးခဲ့ရကြောင်းသိရသည်။

ထို့နောက်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းကို Covid 19 Swab စစ်ရန်အကူအညီ တောင်းရာအသင်းမှ လူနာတင်ကားများဖြင့် သွားရောက်၍ စစ်ပေးရာ ပိုးမတွေ့အဖြေ (Negative)ထွက်ရှိကြောင်းသိရပါသည်။

မွေးကင်းစကလေးနှစ်ယောက်ရောမိခင်ပါဆုံးပါးသွားတဲ့အတွက် ကျန်ခဲ့သည့် အမျိုးသားကတော့ အရူးတစ်ပိုင်းကိုဖြစ်ကျန်ခဲ့တဲ့အကြောင်းလည်း သိရပါတယ်။






Source by -ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *