နန်းမြတ်ဖြိုးသင်း၏ခင်ပွန်းကိုတာတာမျိုးအတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်များပြုလုပ်ပေးခဲ့တဲ့ စန္ဒီမြင့်လွင်တို့မိသားစု
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်သရုပ်ဆောင် မင်းသမီးချော နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းဖြစ်သူကိုတာတာမျိုးဆုံးပါးသွားတဲ့သတင်းလေးကိုပရိသတ်တွေလည်းကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။




မနေ့က သြဂုတ်လ (၂၅)ရက်နေ့မှာတော့ ကွယ်လွန်သူ ကိုတာတာမျိုးအတွက် ရည်စူးပြီး စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံက ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။




နန်းမြတ်တို့ ဇနီးမောင်နှံနဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကတော့ မောင်နှမတွေလို ချစ်ခင်ကြတဲ့သူတွေပါ။

အခုလို ကိုတာတာမျိုး ကွယ်လွန်သွားချိန်မှာတော့ ကောင်းရာဘုံဘဝကိုရောက်ရှိစေဖို့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကကန်ဦးဇေတဝန်စာသင်တိုက်မှာ သီတင်းသုံးနေကြတဲ့သံဃာတော်အရှင်သူမြတ်တွေအတွက် နေ့ဆွမ်းကပ်အလှူလေးကို ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။




အခုလိုလှူဒါန်းရတဲ့ အကျိုးကြောင့် ကိုတာတာမျိုးလည်းကောင်းရာဘုံဘဝကနေသာဓုခေါ်ဆိုနိုင်ပြီးစန္ဒီမြင့်လွင်တို့ မိသားစုလည်းကပ်ကြီး (၃)ပါးဘေးကနေကျော်လွှာနိုင်ပြီး




ပျော်ရွှင်သောမိသားစုလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ချစ်တဲ့ပရိသတ်ကြီးတွေလည်း အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
နန္းျမတ္ၿဖိဳးသင္း၏ခင္ပြန္းကိုတာတာမ်ိဳးအတြက္ရည္စူးၿပီး ေကာင္းမႈကုသိုလ္မ်ားျပဳလုပ္ေပးခဲ့တဲ့ စႏၵီျမင့္လြင္တို႔မိသားစု

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အဆိုေတာ္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ နန္းျမတ္ၿဖိဳးသင္းရဲ႕ခင္ပြန္းျဖစ္သူကိုတာတာမ်ိဳးဆုံးပါးသြားတဲ့သတင္းေလးကိုပရိသတ္ေတြလည္းၾကားသိၿပီးသားျဖစ္မယ္ထင္ပါတယ္။
မေန႔က ၾသဂုတ္လ (၂၅)ရက္ေန႔မွာေတာ့ ကြယ္လြန္သူ ကိုတာတာမ်ိဳးအတြက္ ရည္စူးၿပီး စႏၵီျမင့္လြင္တို႔ ဇနီးေမာင္ႏွံက ဆြမ္းကပ္အလႉေလးျပဳလုပ္ခဲ့ပါတယ္။

နန္းျမတ္တို႔ ဇနီးေမာင္ႏွံနဲ႔ စႏၵီျမင့္လြင္တို႔ ဇနီးေမာင္ႏွံကေတာ့ ေမာင္ႏွမေတြလို ခ်စ္ခင္ၾကတဲ့သူေတြပါ။
အခုလို ကိုတာတာမ်ိဳး ကြယ္လြန္သြားခ်ိန္မွာေတာ့ ေကာင္းရာဘုံဘဝကိုေရာက္ရွိေစဖို႔ စႏၵီျမင့္လြင္တို႔ဇနီးေမာင္ႏွံကကန္ဦးေဇတဝန္စာသင္တိုက္မွာ သီတင္းသုံးေနၾကတဲ့သံဃာေတာ္အရွင္သူျမတ္ေတြအတြက္ ေန႔ဆြမ္းကပ္အလႉေလးကို ျပဳလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။

အခုလိုလႉဒါန္းရတဲ့ အက်ိဳးေၾကာင့္ ကိုတာတာမ်ိဳးလည္းေကာင္းရာဘုံဘဝကေနသာဓုေခၚဆိုႏိုင္ၿပီးစႏၵီျမင့္လြင္တို႔ မိသားစုလည္းကပ္ႀကီး (၃)ပါးေဘးကေနေက်ာ္လႊာႏိုင္ၿပီး

ေပ်ာ္႐ႊင္ေသာမိသားစုေလးျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။ခ်စ္တဲ့ပရိသတ္ႀကီးေတြလည္း အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။
Source – ကန္ဦးေဇတဝန္စာသင္တိုက္၊ မရမ္းကုန္းၿမိဳ႕နယ္၊ ရန္ကုန္