သင်တို့မသိသေးတဲ့ ပြည်သူ့အချစ်တော်အကယ်ဒမီပြေတီဦး ရဲ့ဘဝတစ်စိတ်တစ်ပိုင်း

သင်တို့မသိသေးတဲ့ ပြည်သူ့အချစ်တော်အကယ်ဒမီပြေတီဦး ရဲ့ဘဝတစ်စိတ်တစ်ပိုင်းအကြောင်း

ပရိတ်သတ်ကြီးရေ ပြေတီဦးရဲ့ဘ၀အကောင်းလေးကို ပြောပြပေးပါရစေနော်..ပြေတီဦး ကိုတော့၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အဖ ဦးတင်မောင်ဦး အမိ ဒေါ်တီတီ တို့မှမွေဖွားခဲ့ပါတယ်။

ပြေတီဦးရဲ့အရပ်ကတော့ ၅ ပေနဲ့ ၉လက်မ (175cm) ရှိပါတယ်။ပြေတီဦး ဟာအနုပညာထူးချွန်ဆုကိုလေးကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ မင်းသားတစ်ဦးလည်းဖြစ်တဲ့အပြင်အနုပညာပျိုးခင်းရဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်းရဲ့ ဥက္ကဌ တစ်ဦးလည်းဖြစ်ပါတယ်။မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ မြန်မာစာမြန်မာ့စကားအစီစဉ်ကနေ နာမည်ရလာခဲ့ပြီး

၂၀၀၉ ခုနှစ်မှာတော့ ” ကျွန်တော်နဲ့ နတ်သမီးများ ” ရုပ်ရှင်ဇာတ် ကားနဲ့ အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ပြေတီဦးရဲ့အနုပညာလမ်းကြောင်းကိုခြေရာခံရမယ်ဆိုရင်တော့

ကျောင်းသားဘဝထဲက အနုပညာလောကထဲကို စတင်အခြေချခဲ့ကြောင်း တွေ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာစီစဉ်တင်ဆက်တဲ့ မြန်မာစာမြန်မာ့စကားအစီစဉ်မှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

ပြေတီဦးဟာ ဇာတ်ပို့ဘဝကနေ ခေါင်းဆောင် မင်းသားဖြစ်လာအောင် ကြိုးစားခဲ့တဲ့ မင်းသား တစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က နေ ၂၀၀၈ ခုနှစ်အထိဇာတ်ပို့ဘဝကနေနဲ့သာ ကျင်လည်ခဲ့ရပါတယ်။

၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ တော့ ” ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး ” ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့ရပါတယ်။၂၀၀၉ခုနှစ်မှာတော့ ” ချစ်ပန်းဝါဝါ ” ၊ ”ချိုလိမ်” ၊ ”ရင်ဘတ်ချင်းအငြိ” ၊

”ကျွန်မပုခုံးထက်မှာလိပ်ပြာလေးတွေနားခဲ့ဖူးတယ်” စတဲ့ ရုပ်ရှင်ကားတွေနဲ့အောင်မြင်မှု အတော်အတန်ရရှိခဲ့ပြီး ကြော်ငြာပေါင်းများစွာကိုလည်းရိုက်ကူးခဲ့ပါတယ်။ပြေတီဦးရဲ့ ”အာဒံရယ် ဧဝရယ် ဒသရယ် ”

ဇာတ်ကားမှာတော့ ဒသဇာတ်ကောင်နဲ့ ၂၀၁၀ ပြည့်နှစ် မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ”လက်ပံ” ၂၀၁၂ ” နင်စေရင်” ၂၀၁၃ ” နှလုံးသားဖြင့် ပြုလုပ်သည် ”

စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီ ၃ ဆုကို ၃ နှစ်တပြိုင်တည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ပြေတီဦးဟာ အနုပညာရှင်တွေထဲမှာ ပထမဆုံး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ လည်းဖြစ်ပါတယ်။

ပရဟိတ လုပ်ငန်းတွေကို လည်း ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်သူလည်း ဖြစ်ပါတယ်။သူရဲ့ဝါသနာကတော့တင်းနစ်ကစားခြင်းဖြစ်ပြီးအားလပ်တဲ့အချိန်တွေမှာကစားတယ်လို့သိရပါတယ်။

ပြေတီဦးဟာ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ၂၀၁၁ ခုနှစ်ဇန်နဝါရီလ၁ ရက်နေ့မှာ ခန်းနားထည်ဝါစွာလက်ထပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးမှာ ပြေသုဒ္ဒရာပြေတီရ ဆိုတဲ့သားလေးနဲ့ သမီးလေးနှစ်ယောက် ထွန်းကားခဲ့ပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

အခုလက်ရှိမှာတော့ ပြေတီဦးတို့ ဇနီးမောင်နှစ်ယောက်လုံးဟာ (၅၀၅)ကနဲ့ ဖမ်းစီးခံထားနေရတာပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးတို့လည်း ပြေတီဦးတို့ ဇနီးမောင်နှံနှစ်ယောက်လုံးကိုအမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *