စားဝတ်နေရေးခက်ခဲနေတဲ့သူတွေက်အတွက်အဟာရဒါနများလှုဒါန်းလိုက်တဲ့ ခန့်စည်သူ




ပရိသတ်ကြီးရေပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့သရုပ်ဆောင်မင်းသားချောခန့်စည်သူကတော့ အခုရက်ပိုင်းမှာနေ့တိုင်းလိုလိုအလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။




အရင်ကတည်းကတော့ ခန့်စည်သူကပရဟိတအလုပ်တွေကို လုပ်ကိုင်နေခဲ့ပေမဲ့ အခုလို ကပ်ဘေးတွေကြောင့် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးခက်ခဲချိန်မှာတော့ နေ့တိုင်းလိုလိုအလှူတွေပြုလုပ်နေခဲ့တာပါ။




ဒီနေ့မှာလည်း ခန့်စည်သူကတောင်ဒဂုံဘက်က စားဝတ်နေရေးအဆင်မပြေခက်ခဲနေတဲ့သူတွေအတွက် မေနွယ်ထွန်းက ထမင်း၊ကုလားပဲနဲ့ကြက်သားချက်၊ငရုပ်သီးကြော်၊သရက်ချဉ်သုပ် လှူဒါန်းဖို့စီစဉ်နေတဲ့အလှူလေးမှာ




လူ(၂၀၀)စာအတွက်ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်စားဝတ်နေရေးခက်ခဲနေတဲ့သူတွေအတွက်လှူဒါန်းပေးတဲ့ အာဟာရဒါနကာလဒါနအလှူလေးမို့ တကယ်ကို မွန်မြတ်လှတဲ့အလှူလေးပါပဲနော်။

ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ မွန်မြတ်လှတဲ့ ကာလဒါန အာဟာရဒါနအလှူလေးကို မုဒိတာပွား သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။




ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။