အလှဓါတ်ပုံတင်လို့ အပြစ်ပြောတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မေပန်းချီ

အလှဓါတ်ပုံတင်လို့ အပြစ်ပြောတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မေပန်းချီ

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မေပန်းချီတစ်ယောက်ကတော့ ပုရိသပရိသတ်တွေကြား နာမည်ကြီးလူကြိုက်များတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့် လူမှုကွန်ယက်ပရိသတ်များအကြား ပိုပြီးနာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။မကြာသေးခင်က မေပန်းချီဟာ မိခင်ကြီးကိုဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။

မိခင်ကြီးဆုံးပါးသွားပေမယ့် မိခင်အတွက်အလွမ်းစကားလေးတွေလည်းမကြာမကြာ သူမ၏ ဆိုရှယ်မှာရင်ဖွင့်တာတွေလည်း တွေ့ရပါတယ်။ မိမိကိုယ်ကို အားတင်းရင်းအလှဓါတ်ပုံလေးတွေကိုလည်းတင်ခဲ့တာပဲဖြစ်ပါတယ်။

အခုလိုအလှဓါတ်ပုံလေးတင်တာနဲ့ ပတ်သတ်ပြီး သူမ အပြစ်ပြောတဲ့သူတွေကို မေပန်းချီက သူမ၏လူမှုကွန်ယက်မှာအခုလိုပြောပြထားတာပဲဖြစ်ပါတယ်။

“အလှပုံတင်တာက တင်တာပါ မိဘဆုံးရူံးထားတာ ဆုံးရူံးထာတာပါပဲလူတိုင်းသူ့အကြောင်းနဲ့သူရှိပါတယ်။မိဘဆုံးရူံးထားတာတောင်ဘာလို့အလှပုံတင်နေလဲ လို့ အပြစ်မြင်တဲ့သူက သီးသန့်ရှိပါတယ်။

မိဘဆုံးရူံးထားတာပါ ဟုတ်ပါတယ် ကျွန်မနဲ့ ကျွန်မညီမလေးဘဝမဆုံးရူံးသေးပါဘူးနောက်တစ်ခု မိဘသက်ရှိထင်ရှားရှိနေချိန်ကို လိုလေးသေးမရှိတာဝန်ကျေအောင်ပြည့်စုံအောင်လုပ်ပေးခဲ့တဲ့သူမို့

ကျွန်မ ကိုယ့်ခံယူချက်နဲ့ကိုယ် လမ်းကိုတည့်မတ်အောင်နောင်တကင်းစွာ လျှောက်နိုင်ပါတယ်။သေပြီးမှ ဘာမှမလုပ်ပေးလိုက်ရလေခြင်းဆိုပြီးထိုင်ငိုယိုပြနေတဲ့ သားသမီးထဲမပါလို့ ကျွန်မလိပ်ပြာကျွန်မလုံပါတယ်။

ဆရာကြီးများ ဆရာမကြီးများကိုယ်တိုင်ပဲကြိုးစားကြပါ။သူများကို စဆရာကြီးလာမလုပ်ကြပါနဲ့ လူတိုင်းသူ့အကြောင်းနဲ့သူပါပဲ” ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။

photo by MayPanche

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *