အချိန်တိုအတွင်းအားအင်ကိုပြည့်စေသော အစားအစာ(၁၀)မျိုး

အချိန်တိုအတွင်းအားအင်ကိုပြည့်စေသော အစားအစာ(၁၀)မျိုး

နေမကောင်းဖြစ်ပြီး နလန်ထစ လူမမာများ၊ အလုပ်ကိုပင်ပင်ပန်ပန်းလုပ်ပြီး အားအင်ကုန်ခမ်းနေသူများအတွက်

အချိန်ပိုင်းအတွင်းအားအင်ပြန်လည်ပြည့်စေမည့်အစားအစာများကိုတင်ဆက်ပေးလိုက်ပါတယ်။သိတဲ့သူများလည်းရှိသလိုမသူသေးသူများအတွက်လည်း သိရှိစေရန်အတွက် ဖြစ်ပါသည်။

အားအင်ကိုပြည့်စေသောအစားအစာများ

(၁) ဒိန်ချဉ် ထန်းလျက်နဲ့တဖန်ခွက်သေးသေး၊(ရေခဲမပါ)

(၂) မုန်လာဥနီကိုနွားနို့နဲ့ဖျော်သကြားနဲနဲဆားနဲနဲ(ရေခဲမပါ)

(၃) ကြက်ဥကာကျက်ကိုပျားရည်နဲနဲသံပုရာတစိတ်နဲ့ရော၊ဆားနဲနဲ

(၄) ငါးရှဥ့်ချဉ်စပ်၊ငါးရှဥ့်ခြောက်စပ်၊ငါးရှဥ့်မဆလာ(မိန်းခလေးများငါးရှဥ့်မတည့်သူရှိ)

(၅) ဖီးကြမ်းငှက်ပျောသီးကိုထောပတ်နဲနဲ၊ပျားရည်နဲနဲနဲ့ကြော်စားပါ

(၆) ကြက်ဥနှင့်ဂတ်စ်ပါသောအချိုရည်တမျိုး(ဥပမာ− စပရိုက် စပါကလင်)ကိုအမြှုပ်ထအောင်ဇွန်းဖြင့်ခေါက်မွှေပါ။မွှေပြီးပြီးချင်းအမြှုပ်မငြိမ်ခင်အမြန်သောက်ပါ။

(၇) ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည်အနည်းငယ်ရော၍ သောက်ပါ။

(၈) အုန်းစိမ်းရည်၊ ကြံရည်၊ ဓါတ်ဆားရည်၊ ဂလူးကို့စ်ရည်၊ ပဲနို့ ( ကန်စွန်းရိုးနီ +ထန်းလျက်ပြုတ်ရည် )

(၉) အသားနီသားငါးကျပ်သားတုံးကို ဒယ်အိုးထဲထောပတ်ဆီနဲ့တဝက်ကျက်အနေအထားထိသာကင်၍စားပါ။

(၁၀) ကြက်ပြုတ်ရည် (ကြက်ပေါင်းရည်)များသည်နာရီပိုင်းအတွင်းအားအင်ကိုပြန်လည်ပြည့်စေသောအစားအစာများဖြစ်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *