လွယ်ကူရိုးရှင်းဝါစိမ်းနီ ဟင်းချိုချက်နည်း

အဟာရလည်းဖြစ် အရသာလည်းရှိတဲ့ ဟင်ချိုကောင်းလေးတစ်ခွက်မို့ဝေမျှပေးလိုက်ပါတယ်ရှင့် ယခုလိုကိုဗစ်ကာလမှာ အိမ်ရှင်မများ မိမိတို့ မိသားစုကျန်းမာခွန်အားပြည့်ဖို့ချက်ကျွေးသင့်သောဟင်းတစ်ခွက်ဖြစ်မယ်လို့ယုံကြည်ပါတယ်ရှင့်။
ပါဝင်ပစ္စည်းများ-ပုဇွန်-၁၀ကောင်၊ပန်းပွင့်စိမ်း-၁ပွင့်၊ဂျပန်တို့ဟူးအဝါ-၁ချောင်း၊မုန့်လာဥနီ-၁ဥ၊မှိုမဲခြောက်-၁၀ခု၊ဆီ-၂ဇွန်း၊ရေ၊ဆားသကြား အနည်းငယ်လိုအပ်ပါတယ်။

ပြင်ဆင်ချက်ပြုတ်နည်း
ပုဇွန်ကိုအခွံခွါခေါင်းဖြုတ်ကျောခြမ်းပီးအတွင်းထဲကချေးများသန့်စင်ပေးပါ။(ခေါင်းအခွံများလွှင့်မပစ်ပါနှင့်)ပန်းစိမ်း/ဥနီကိုလက်တစ်စစ်အရွက်သာသာလှီးဖြတ်ထားပေးပါ။ဂျပန်တို့ဟူးတစ်ချောင်းကိုခြောက်ပိုင်းလှီးဖြတ်ပေးပါ။မှိုမဲခြောက်ကိုရေနွေးပူပူမှာ ငါးမိနစ်လောက်စိမ်ပေးပြီး(slices)ပါးပါးလှီးထားပေးပါ။(မှိုမဲစိမ်ထားတဲ့ရေကိုလွှင့်မပြစ်ပါနှင့်)

အဆင်သင့်ဖြစ်ပြီဆို ချက်ပါမယ်။ပထမဦးဆုံးမီးအနေတော်ဖွင့်ပီးချက်မည့်ဒယ်ထဲကိုဆီ 2 tbspထည့်ပီးပုဇွန်ခေါင်းအခွံများအရောင်တတ်လာသည့်အထိလှိမ့်ပေးပါ။ပီးရင်ရေထည့်ပြီးသုံးမိနစ်လောက်တည်ထားပေးပါ။ ရေပွက်လာပြီဆိုရင်ပုဇွန်အခွံခေါင်းများဆယ်ပြီးမှိုမဲ/မှိုစိမ်ထားတဲ့အရည် မုန့်လာဥနီ/သကြား/ဆားအနည်းငယ်ထည့်ပေးပါ။2 မိနစ်လောက် ချက်ပေးပြီးရင်ပုဇွန်ပန်းစိမ်းဂျပန်တို့ဟူးများထည့်ပြီးငါးမိနစ်လောက်အထိချက်ပြုတ်ပေးပီးရင်အရသာရှိတဲ့ဝါစိမ်းနီးဟင်းချိုလေးရပါပီ။

အားလုံးအဆင်ပြေကြပါစေရှင့်။အမှားပါရင်သည်းခံပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။