ဟာသနှင့် သရုပ်ဆောင်ဦးဝင်းနိုင်နှင့်စာရေးဆရာ ဦးစိတ္တတို့ကိုအလှူငွေများသွားရောက်လှူဒါန်း
ပရိတ်သတ်ကြီးရေဒီကနေ့မှာတော့ လူရွှင်တော်မိုးစက်က အနုပညာရှင်နှစ်ဦးအား သူတက်နိုင်တလောက်နဲ့ထပ်ပြီး သွားရောက်လှူဒါန်းမှုလေးထပ်လုပ်ခဲ့တာလေးကိုမျှဝေပေးလိုက်ပါတယ်နော်..
ဦးဝင်းနိုင်(အနုပညာ) နဲ့ စာရေးဆရာ ဦးစိတ္တ(နတ္တလင်း) တို့ကို ၁သိန်း၅သောင်းကျပ် လှူဒါန်းပေးခဲ့ပါတယ်။?
အနုပညာဆည်းဆာရိပ်သာ မှာ…ခိုလှုံနေတဲ့ ဦးဝင်းနိုင်(အနုပညာ) ဆီကို ဦးတည်ပြီးအရင်သွားခဲ့တာပါ…။ဦးဝင်းနိုင်ဆီ အရင်ရောက်သွားတော့…
“လှူတာမလှူတာထပ် စကားပြောဖော်ရတာပေါ့ကွာ”ဦးဝင်းနိုင်နဲ့ စကားတွေအကြာကြီး ပြောဖြစ်ခဲ့ပါတယ်…။ဦးဝင်းနိုင်ကို ၁သိန်းကျပ် ကန်တော့ခဲ့ပြီး…
“ဖေကြီးတို့က တစ်ယောက်ကို တစ်ခန်းလား “လို့ မေးလိုက်တော့ “ဟုတ်တယ် သားရေ…. ဖေကြီးက ဒီဘက်ခန်း ဦးစိတ္တ က ဟိုဘက်အခန်း “တဲ့…။
ဦးစိတ္တ ဆိုတာ… ဇာတ်သဘင်လောကမှာ ပြဇာတ်ရေးတာ အရမ်းကောင်းတဲ့ဆရာတစ်ဆူပါဘဲ…။
ကျွန်တော် ပြဇာတ် စ ကကတည်းကဦးစိတ္တ ရဲ့ ပြဇာတ်ဖြစ်တဲ့အဖေရယ် ကျွန်တော်ရယ် ကိုချစ်စရာရယ် ဆိုတဲ့ပြဇာတ်ကြီးကို စ က ခဲ့ ရ တာ ပါ…။
အဲ့ဒါနဲ့ဘဲ ဦးစိတ္တ အခန်း ဆီကို သွား..လက်ကျန် ပိုက်ဆံ (၅သောင်း) ကျပ်ကို ဆရာဦးစိတ္တ ကိုကန်တော့ပေးခဲ့ပါတယ်…။ပီတိဖြစ်ရတာတော့ ပြောမပြတတ်အောင်ပါဘဲဗျာ။
ကျွန်တော်တို့ရဲ့ ဂန္တဝင်အနုပညာရှင်ကြီးများကိုအနုပညာဆည်းဆာရိပ် (မဂ်လာဒုံ) သို့သွားရောက်လှူဒါန်းနိုင်ပါကြောင်း…နှိုးဆော်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ…ဟု လူမှုစာမျက်နှာမှာ ရေးသားထားတာလေးကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်။
မူရင်း မိုးစက်