သရုပ်ဆောင်ဆင်မအဖမ်းခံရခြင်းနဲ့ပတ်သတ်ပြီး ပြောပြလာတဲ့ ဒါရိုက်တာသည်ခေတ်နေ




ဇာတ်ပို့သရုပ်ဆောင် ဆင်မသည် သြဂုတ်လ ၂၄ရက် ည၁၀နာရီ ၃၀မိနစ်အချိန်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းသိရသည်။
ဆင်မသည် ၎င်း၏နေအိမ်မှာပင် ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။ ” သူ့ကို အိမ်ပြောင်းနေဖို့ ဒါရိုက်တာသည်ခေတ်နေကကူညီပေးခဲ့တာကိုပထမလက်ခံခဲ့ပြီးနောက်နေ့မှာ




သူအိမ်မှာပဲအဆင်ပြေနေသေးတယ်ဆိုပြီးဦးဆင်မကပြန်ပြောခဲ့တယ်လို့လည်းသိရပါတယ်။ ဘယ်ဖမ်းသွားလဲတော့သူ့အမျိုးသမီးလည်းခုထိသိချင်နေတယ်။

မေးစရာရှိလို့ခဏဆိုပြီးခေါ်သွားတာ။မနက်ကထိဘာမှမသိရသေးဘူးပြောတယ်” ဟုဒါရိုက်တာသည်ခေတ်နေကဆိုသည်။




ဇာတ်ပို့သရုပ်ဆောင်ဆင်မသည် စစ်အာဏာသိမ်းမှုကိုပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နှုတ်ထွက်ထားသူလည်း ဖြစ်သည်။




သ႐ုပ္ေဆာင္ဆင္မအဖမ္းခံရျခင္းနဲ႔ပတ္သတ္ၿပီး ေျပာျပလာတဲ့ ဒါ႐ိုက္တာသည္ေခတ္ေန
ဇာတ္ပို႔သ႐ုပ္ေဆာင္ ဆင္မသည္ ၾသဂုတ္လ ၂၄ရက္ ည၁၀နာရီ ၃၀မိနစ္အခ်ိန္တြင္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ဖမ္းဆီးျခင္းကို ခံခဲ့ရေၾကာင္းသိရသည္။

ဆင္မသည္ ၎၏ေနအိမ္မွာပင္ ဖမ္းဆီးခံရျခင္းျဖစ္ပါတယ္။ ” သူ႔ကို အိမ္ေျပာင္းေနဖို႔ ဒါ႐ိုက္တာသည္ေခတ္ေနကကူညီေပးခဲ့တာကိုပထမလက္ခံခဲ့ၿပီးေနာက္ေန႔မွာ
သူအိမ္မွာပဲအဆင္ေျပေနေသးတယ္ဆိုၿပီးဦးဆင္မကျပန္ေျပာခဲ့တယ္လို႔လည္းသိရပါတယ္။ ဘယ္ဖမ္းသြားလဲေတာ့သူ႔အမ်ိဳးသမီးလည္းခုထိသိခ်င္ေနတယ္။




ေမးစရာရွိလို႔ခဏဆိုၿပီးေခၚသြားတာ။မနက္ကထိဘာမွမသိရေသးဘူးေျပာတယ္” ဟုဒါ႐ိုက္တာသည္ေခတ္ေနကဆိုသည္။

ဇာတ္ပို႔သ႐ုပ္ေဆာင္ဆင္မသည္ စစ္အာဏာသိမ္းမႈကိုျပင္းျပင္းထန္ထန္ဆန႔္က်င္ေနသည့္ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး
စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ႏႈတ္ထြက္ထားသူလည္း ျဖစ္သည္။
ခရက္ဒစ္
ဖိုလ္တို ခရက္ဒစ္