သင်တို့သတိမပြုမိဘဲ လွှင့်ပစ်နေတဲ့ စပါလင်အပေါ်ပိုင်းရွက်များ၏အသုံး၀င်ပုံများ

သင်တို့သတိမပြုမိဘဲ လွှင့်ပစ်နေတဲ့ စပါလင်အပေါ်ပိုင်းရွက်များ၏အသုံး၀င်ပုံများ

ဆေးဘက်၀င်ပုံများ

၁။ ဝမ်းဗိုက်နာကျင်အောင့်ခြင်းဖြစ်လျှင် အရွက်ကိုရေနွေးဖြင့် ကြိုသောက်က ပျောက်၏။

၂။ ခြေလက်လှုပ်ရှားမရပါက အရွက်သတ္တုရည်ကို လိမ်းပေးပါက ပျောက်၏။

၃။ အဖျားရောဂါနှင့် နှာစေး ချောင်းဆိုးရောဂါများအတွက် အရွက် ၁ဝကျပ်သား၊ရေ ၄ဝ ကျပ်သား ထည့်ပြီးနောက် ၁ဝ ကျပ်သား ကျန်အောင်ကြိုပြီးသောက်က ပျောက်၏။

၄။ အဆစ်အမြစ်ရောင်ပါက အဆီကို လိမ်းပေးပါက ပျောက်ကင်းစေပါသည်။

၅။ ဆံပင်ကျွတ် ခေါင်းပြောင် သူများ စပါးလင်ဆီနေ့တိုင်းလိမ်း ပေးပါက ဆံပင်များပြန်ပေါက်ပါ သည်။

၆။ အရေပြားရောဂါ ဝဲနာ၊ ယားနာ၊ ပွေးနာများပေါ်သို့ စပါးလင်အဆီ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။

ခေါင်းမူးခေါင်းကိုက်ခေါင်းမကြည်ခြင်းအတွက် “ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း”

ဟင်းချက်ရာမှာထဲ့သုံးဖို့ စပါးလင်ကိုဈေးကဝယ်လာပြီးသောအခါအပေါ်ပိုင်းကိုဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ။

နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။ဖြတ်ထားတဲ့အပေါ်ပိုင်းကိုရေသေချာဆေးခေါက်တုတ်လေးစုပြီးချည်လိုက်ပါ။

ရေနွေးပွက်ပွက်ဆူတစ်အိုးထဲပုံမှန်အတိုင်းလက်ဖက်ခြောက်ခပ်ပြီးရင်ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။

ရေနွေးတစ်အိုးဆိုရင်စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထည့်တာကို ကြိုက်လဲ ပိုထည့်ပေါ့။

လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကိုမှုတ်ပြီးသောက် စပါးလင်နံ့မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။

တော်ယုံခေါင်းမူးခေါင်းကိုက်စိတ်မကြည်လင်တာတွေလဲပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်မကြာခဏလုပ်သောက်ဖြစ်တယ်။

အဲ့လိုပဲ စပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ်။

အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေသင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။စပါးလင်နှင့်ပတ်သက်၍လိုအပ်သလိုအသုံးပြုနိုင်ရန်ဖော်ပြလိုက်ပါသည်။

Facebook Comments Box