ချစ်လှစွာသောခင်ပွန်းအတွက်ဆုံးရှုံးမှုကကြီးမားပေမယ့်လည်းအကောင်းဆုံးရှင်သန်သွားမယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း




ပရိတ်သတ်ကြီးရေ သရုပ်ဆာင်နန်းမြတ်ဖြိုးသင်ရဲ့ ခင်ပွန်ဟာမကြာသေးခင်ကပဲ ကိုဗစ်နဲ့ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

အခုလိုအဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရတဲ့ ကလေးနှစ်ယောက်နဲ့ နန်းမြတ်အတွက် အနုပညာအားလုံးကကောပရိတ်သတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။




အခုလည်း နန်းမြတ်လေးကသူမ၏ခင်ပွန်းဖြစ်သူကွယ်လွန်ခဲ့တဲ့အပေါ်ပထမဆုံးအကြိမ်ရင်ဖွင့် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

“ကျမရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာစကားလုံးရှာမရအောင်ပါပဲ။ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရမယ်။




ဘယ်လောက်လွမ်းနေမယ်ဆိုတာကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။
သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။သူထားခဲ့တဲ့သူ့ကိုယ်ပွါးလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။ ကျမကိုအရမ်းချစ်တဲ့ သူမရှိတော့လို့ကျမပိုပင်ပန်းမှာပါ။




ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။သံသရာကမလွတ်မြောက်နိုင်သေးသ၍ လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။ကျမအတွက်သူထားခဲ့တဲ့၄နှစ်တာgood memories တွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။

ပြန်စဉ်းစားကြည့်တော့ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲမရှိခဲ့တဲ့၄နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။




သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲသားစွဲမယားစွဲမဖြစ်အောင်သံသရာအတွက်ကောင်းအောင်ကျမတည်တည်ငြိမ်ငြိမ်နဲ့ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။သူလဲငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။
သူကစိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။ရှည်လွန်းလှတဲ့သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။




ဘာတွေပဲတွေ့ကြုံရပါစေ ကျမသူ့အတွက်ပါပေါင်းပီးအကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်ယောက်ျားရေရက်စွဲလေးကလှသလောက် 21.8.21 ဆိုပြီး လူမှုကွန်ယက်မှာ ခံစားရတာလေးတွေကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။




အနုပညာရှင် မောင်နှမတွေရယ် ပရိတ်သတ်တွေ ရယ် အားလုံးကလည်းနန်းမြတ်နဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်နေကြရပါတယ်။

ဖိုက်တင်းပါနန်းမြတ်ရေ ကျန်ရစ်ခဲ့တဲ့သူလေးတွေအတွက်အားတင်းထားပါလို့ပြောရင်း ပရိတ်သတ်ကြီးလည်း နန်းမြတ်အတွက် အားပေးစကားပြောပေးခဲ့ကြပါအုံးနော်။