ကိုဗစ်ကိုအိမ်မှာပဲ ကျော်ဖြတ်ခဲ့တယ်ဆိုပြီး ခံစားချက်တွေနဲ့ဖွင့်ပြလာတဲ့ နိုင်ငံကျော်အဆိုတော်မေခလာ

ချစ်ငယ်အိမ်မှာပါပဲ ကိုဗစ်ကိုကျော်ဖြတ်ခဲ့ပါတယ်။ဆေးရုံတက်တဲ့ပုံက လွန်ခဲ့သော ၃ လလောက်က ခါးရိုးဖြစ်လို့ အာယု ဆေးရုံမှာဆေးစစ်ခဲ့တဲ့ပုံပါ။




ပရိတ်သတ်တွေစိတ်ပူပေးကြတဲ့အတွက်ခွင့်လွှတ်ပေးပါ။ချစ်ငယ်ကိုယ်တိုင် ကိုဗစ် ဖြစ်ခဲ့ပါတယ် အစစရာသတိထားနေထိုင်ခဲ့ပေမဲ့ ရင်ဆိုင်ခဲ့ရတယ်။စစချင်း ချစ်ငယ်တူလေးမိသားစု့ စဖြစ်ပါတယ်။

ရင်ထဲမှာ ဗလောင်ဆူခဲ့တယ် တူကြီး 02ကျတယ်ဆိုတော့ အသက်ကလဲငယ်တော့ ဘာမှ့ တောင်မရှုလိုက်ရဘူး သက်သာသွားတယ်။အဲ့ဒီမှာကျေးဇူးတင်ထိုက်သူကိုပြောပါရစေ။ရန်ကုန်ပရဟိတအသင်း (ကိုကျော်သူ)နှလုံးသားထဲကကျေးဇူးတင်မ်ိတယ်။




တူလေးမိသားစု့ အားလုံနေကောင်း ပြီးဘာမှ့ပိုးမရှိတဲ့ချိန်ကျမှ့ ညီမရတနာ ကိုရန်ကျော် ချစ်ငယ် သမီးပြည့် ညီမ ဥမ္မာ စိုးရိမ်မှု့ ထိပ်ဆုံးရောက်သွားစေတာက ချစ်ငယ်အမေ အသက် ၈၈ပါအဖျားလေးဝင်လာတော့ရင်ထဲမှာဘာနဲ့မှ့ ခံစားချက်မလဲနိုင်တဲ့သောကရောက်ခဲ့ရပါတယ်။




ကိုယ်တိုင်လဲ ကိုဗစ်ခံစား မိခင်ကြီး ဘယ်လိုကျော်ဖြတ်မလဲ အရှင်ဘုရားကယ်ပါ။ချစ်ငယ်စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင်စိတ်ကျခဲ့ပါတယ်။အဲ့ဒိချိန်မှာ တူလေးမိသားစု့ သားဝေလ မေသက်သမီးသီရီက ဘာပိုးမှမရှိတော့ဘူးဆိုတော့




အဖွားနဲ့ ချစ်ငယ်တို့ညီအမကိုတလှည့်နေ့ညမအားပြန်ပြုစု့ ခဲ့ပါတယ်မိခင်ကြီးကိုအပြုစု့ ဆုံးကတော့ မောင်လေး အောင်အောင် ???သားကိုမင်း ကချစ်ငယ်ကို သူ့ အမေထက်ချစ်တာ သားလေး မေငယ်နားမလာပါနဲ့လို့ မနည်း တားထားရတယ်။




ဒါဟာ မိသားစု့စိတ်ဓါတ်ပါ ချစ်ငယ်အကိုကြီးကတော့ အားလုံးကို ကြည့်ပြီး စိတ်ပူနှလုံးအောင့်တော့သူ့ကို ပြန်အားပေးရပြန် မမကြီးကိုလဲကိုယ့်ကျန်းမာရေး ပြန်ကြည့်ပါလို့ တားထားရတယ်။




ဒါဟာငွေနဲ့ မလဲနိုင်တဲ့ မိသားစု့ စိတ်ဓါတ်ပါ ❤️ဒီနေရာမှာ ထပ်ပြီးကျေးဇူးတင်ရမဲ့ကျေးဇူးရှင်ဒေါက်တာ ရန်နိုင်စိုးပါအမေ့ကို စအဖျားလေးဝင်ထဲက ဆေးကုခဲ့တဲ့ကျေးဇူးပါ ။

အမေက ဆေး ၃ လုံးလောက်ပဲထိုးလိုက်ရတယ် ချက်ချင်းပြန်ကောင်းလာပါတယ်???တနေ့ ခြား ဆေးထိုးနေတာက သမီးတွေပါထပ်ပြီး ကျေးဇူးတင်ထိုက်သူက ကိုကျော်သူ ရန်ကုန်ပရဟိတပါ။




ညီမဥမ္မာ 02ကျ့ တော့ အောက်ဆီဂျင်တွေ ရအောင်ကူညီခဲ့ပြန်တယ်ကိုရန်ကျော်ကိုလဲ ကျေးဇူးမမေ့ပါ ။အသက်ရှုလွယ်ကူအောင်အောက်ဆီဂျင်စက်ကိုဇေကမ္ဘာ ဦးခင်ရွှေ က လာပို့ပေးတဲ့အတွက်များစွာအထောက်ကူရခဲ့ပါတယ်။




နှလုံးသားထဲကကျေးဇူးမမေ့ပါ ???ပြောချင်တာက ဒုက္ခတွေရောက်ခဲ့ ကြတဲ့ ချိန်မှာ စိတ်ဓါတ်တွေ ခွန်အားတွေ မြေကြီးပေါ်ကျခဲ့ပါတယ်။

ငါလဲလို့မဖြစ်ဘူး ငါပြန်ကောင်းမှ့ အားလုံးကိုကူနိုင်မယ် မိသားစုကြီးကငါပေါ်မှာမှီနေကြရတာအဆိုတော်နာမည်ကြီးဆိုပြီးအထင်မကြီးကြပါနဲ့ မိဘ ခြံထဲမှာနေထိုင်နေတုန်းပါ။




သီချင်းဆိုသက် ဒီလောက်ကြာတာတောင် တိုက်ခန်း ၁ ခန်း အသင့်တင့် ကား၂စီး ပိုင်ပါတယ်။အဲ့ဒါကို ရောင်းမယ် ဆေးကုမယ် အားလုံးကိုကယ်မယ်လို့စိတ်ထဲထားလိုက်တယ်။




မိသားစု့ ပေါ် မိဘပေါ် ကြည့်ရှု့ခဲ့တဲ့ ကျမ သစ္စာအကြိမ်ကြိမ်ဆိုခဲ့တယ်ကျမ မပြီးပြတ်သေးတဲ့ ကျမအထုတ် မပြည့်သေးပါဘူး။ပရိတ်သပ်တွေရဲ့ကျေးဇူး အဆင်မပြေကြတဲ့ အခြေခံ လူတန်းစားတွေတွက်ကျမကျေးဇူးဆပ်ရအုံးမယ်။




ဒီတွက် အားမွေးရမယ် (နေ့စဉ် ကျမတွေးတဲ့ အတွေးပါ အမှန်တရားသစ္စာပါ)နောက်တခု့က ကျမအမေ ၈၈နှစ် အခု့ ကျန်းမာနေပြီအမေတွက် စိတ်အေးချမ်းသာမှု့ပေးခဲ့တဲ့ ရတနာ သုံးပါး ကျေးဇူးပါ???




နေမကောင်းနေတဲ့သူ အားလုံး စိတ်အားတင်းပါ စိတ်မကျပါနဲ့ ကောင်းတဲ့အာရုံလေးတွေတွေးပါ အကောင်းဖက်ကိုကြည့်ပေးပါ။ကိုယ်ယုံကြည်ရာ ဘာသာကိုဆည်းကပ်ပါ။အမြန်ဆုံးရောဂါပျောက်ကင်း ပျော်ရွှင်မှု့ အမြန်တွေ့ကြပါစေ???
source by makhalar