ဆီးလမ်းကြောင်းပိုးဝင်ရခြင်းအကြောင်းအရင်းများနှင့်အိမ်တွင်းကုသနည်း

ဆီးလမ်းကြောင်းပိုးဝင်ရခြင်းအကြောင်းအရင်းများနှင့်အိမ်တွင်းကုသနည်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့ပြဿနာဟာအသက်အရွယ်မရွေးဖြစ်လေ့ဖြစ်ထရှိတဲ့ကျန်းမာရေး ပြဿနာများထဲက တစ်ခုပါ။

အမျိုးသမီးတွေမှာတော့ ဆီးလမ်းကြောင်းဟာပိုပြီးတိုတဲ့အတွက်အမျိုးသားတွေထက်ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေပိုများပါတယ်။တခြားဖြစ်နိုင်ခြေ များတဲ့အကြောင်းရင်းအနေနဲ့ ကြည့်မယ်ဆိုရင်

၁။ ရေသောက်နည်းတာ

၂။ သစ်သီး၊ ဟင်းသီးဟင်းရွက် သိပ်မစားတာ

၃။ဆီးအောင့်တဲ့ အကျင့်ရှိတာ

၄။ ကျောက်ကပ်မကောင်းတာ

၅။လိင်အင်္ဂါ သန့်ရှင်းမှုမရှိတာ

၆။ဆီးလမ်းကြောင်း ပိုးဝင်နေသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ

၇။ ထသွားထလာရခက်သူတွေမှာ ပိုအဖြစ်များပါတယ်။

ရောဂါလက္ခဏာအနေနဲ့

၁။ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း

၂။မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ခြင်း

၃။ဆီးအရောင်သည် အဖြူအနောက် သို့မဟုတ် လိမ္မော်ရောင်၊ အညိုရောင်သမ်းခြင်း

၄။ဆီးအနံ့ အလွန်ပြင်းခြင်း

၅။ဆီးသွားပြီးတဲ့နောက် ဆီးကျန်နေသေးတယ်လို့ ခံစားရခြင်း

၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းပြဿနာအတွက်အလွယ်တကူ သက်သာပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်းကုထုံးများရှိပါတယ်။ဆရာဝန်နဲ့ ပြရမှာရှက်တာဖြစ်စေ၊ဆရာဝန်နဲ့ ပြပြီးလို့ ပဋိဇီဝပိုးသတ်ဆေး သောက်နေရင်လည်း ဒီနည်းလမ်းတွေကိုလုပ်ပေးလို့ရပါတယ်။

၁။ ရေကိုတစ်နေ့ ၃လီတာနဲ့အထက်သောက်ပေးပါ။နာရီဝက်ခြားတစ်ခါရေသောက်ဖို့ သတိထားပေးပါ။ရေဓာတ်များမှသာရေနဲ့အတူ ဆီးလမ်းကြောင်းထဲက ပိုးတွေက ဆီးအဖြစ်နဲ့ အပြင်ကို ပါသွားမှာပါ။

၂။ ဗီတာမင် စီအချဉ်ဓာတ်ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပရာသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ဖရဲသီးစတဲ့အသီးအနှံတွေကိုစားပေးပါ။ အချဉ်ဓာတ်ဟာခန္ဓာကိုယ်ထဲမှာရှိတဲ့ဘက်တီးရီးယားပိုးမွှားများကို နှိမ်နင်းပေးတဲ့အပြင်

ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ သစ်သီးအနေနဲ့ဖြစ်စေ၊ သကြားမထည့်ဘဲ ဖျော်ရည်အနေနဲ့ ကြိတ်ပြီးသောက်တာဖြစ်စေ လုပ်ပေးနိုင်ပါတယ်။

၃။ ဆီးကိုမကြာခဏသွားပေးပါ။ဆီးလုံးဝမအောင့်ထားပါနဲ့။လူကြီးမိဘများကိုယ်ဝန်ဆောင်မိခင်များ၊ထသွားထလာခက်တဲ့ မိသားစုဝင်များအတွက်ဆီးအိုးသို့မဟုတ် ရေသန့်ဘူးများဆောင်ထားပေးပါ။

၄။ ဟင်းသီးဟင်းရွက် များများစားပေးပါ။အမျှင်ဓာတ်ဟာအစာချေစနစ်ကိုအထောက်အပံ့ပေးသလိုအာဟာရဓာတ်ကြွယ်ဝလို့ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်နဲ့ ရောဂါပိုးတွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တာက သေချာကုသမယ်ဆိုရင်ပျောက်ဖို့လည်း မြန်သလိုအချိန်လည်းသိပ်မကြာတဲ့အတွက်ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့အကြံပေးလိုပါတယ်။

မူးရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါတယ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *