ပုဂံဒေသရှိအိမ်ထောင်စု(၂၀၀၀)စာအတွက် ကြိုက်တဲခြင်းယူ၅၀ကျပ်နဲ့ စျေးကားများလာရောက်ရောင်းချပေးမည်

ပုဂံဒေသရှိအိမ်ထောင်စု(၂၀၀၀)စာအတွက် ကြိုက်တဲခြင်းယူ၅၀ကျပ်နဲ့ စျေးကားများလာရောက်ရောင်းချပေးမည်

ဘုရားဖူးလာရောက်သူ နည်းပါးသည့် အတွက်စားဝတ်နေရေးအခက်အခဲရှိသည့်ပုဂံဒေသရှိအိမ်ထောင်စု၂၀၀၀အတွက်စားသောက်ကုန်များကိုကြိုက်တာယူ၅၀ကျပ်ဖြင့်စျေးကား များဖြင့်လှည့်လည်ကာရောင်းချပေးမည်ဖြစ်ကြောင်း

Flannel box မှ ယနေ့တွင် လူမှု့ကွန်ယက်မှတဆင့် အောက်ပါအတိုင်းရေးသားအသိပေးခဲ့သည်။ကျွန်တော်တို့ ကြိုက်တာယူ ၅၀ ကျပ်ဈေးလျှော့ရောင်းကားများပုဂံသို့ရောက်လာပါပြီခင်ဗျာ။

ဘုရားဖူးလာခရီးသည်တွေကို မှီခို၍နေထိုင်နေရသော ပုဂံရှိကျေးရွာများမှာခုလို အချိန် ဘုရားဖူးအသွားအလာမရှိသဖြင့် စားဝတ်နေ​ရေးခက်ခဲနေတာကြာပြီဖြစ်ပါတယ်

ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကအိမ်ထောင်စု ၂၀၀၀ စာရောင်းချပေးရန်အတွက်ဈေးလျှော့ရောင်းကားများပုဂံသို့အရောက်လာပါပြီခင်ဗျာ။၂၃ ရက်နေ့ ရန်ကုန်ကထွက်လာပြီး ၂၄ အင်္ဂါနေ့ ကိုလည့်လည်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ

၁။ဆန် ၁ပြည် ၊ငါး​သေတ်တာ ၃ဘူး၊ခေါက်ဆွဲ ၃ထုတ်၊လစဉ်သုံး ၁ ပါကင် Mask ၁ထုတ် ၅မျိုးကို ၅၀ ကျပ်

၂။ကြက်ဥ ၁ကဒ်၊ငါးသေတ်တာ၃ဘူး၊ခေါက်ဆွဲ၃ ထုတ်၊လစဉ်သုံး ၁ပါကင်၊Msak ၁ ထုတ် ၅မျိုးကို ၅၀ ကျပ် ကြိုက်တဲ့ Package ယူ ( ၅၀ ) ကျပ်ပါခင်ဗျာအချို့လူစည်ကားတဲ့နေရာများတွင်လူစုလူဝေးမဖြစ်စေရန်တိုကင်စနစ်လေးလည်းစီစဉ်ထားပါတယ်။

ကားအားလုံးတွင် ဗီနိုင် /စတေကာ များပါလို့လမ်းမှာတွေ့ခဲ့ရင်ကားတားပြီးလည်းဝယ်ယူလို့ ရပါတယ်ခင်ဗျာ ?ကျန်းမာရေး ဂရုစိုက်ကြပါ အားရှိတဲ့ အစားစား စားပါ ??

မိမိထက် အဆင်မပြေသူများကို ဦးစားပေးခြင်းဖြင့် ပြည်သူ အချင်းချင်း ကူညီပါ ?လှူဒါန်းပေးသော တီတီ နှင့် (နိုင်ငံတကာ မှ ၇ သားသမီးများကောင်းမှု ?မြန်မာပြည်ဖွား တရုတ်လူငယ်များ ?

ဆန် ၁ပြည်အိတ် ၁၅၀၀ လှူဒါန်းသောမမြတ်နိုးခင်မိသားစု Mask လှူဒါန်းပေးသောကိုနိုင်ဦးမိသားစုT shirt လှူဒါန်းပေးသောကိုအောင်ရဲမင်းနှင့်အလှူရှင်များ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ့

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *