ပုဂံသို့ ကြိုက်တဲခြင်းယူ၅၀ကျပ်နဲ့ စျေးကားများလာရောက်ရောင်းချပေးမည်




ဘုရားဖူးလာရောက်သူ နည်းပါးသည့် အတွက်စားဝတ်နေရေးအခက်အခဲရှိသည့်ပုဂံဒေသရှိအိမ်ထောင်စု၂၀၀၀အတွက်စားသောက်ကုန်များကိုကြိုက်တာယူ၅၀ကျပ်ဖြင့်

စျေးကား များဖြင့်လှည့်လည်ကာရောင်းချပေးမည်ဖြစ်ကြောင်း Flannel box မှ ယနေ့တွင် လူမှု့ကွန်ယက်မှတဆင့် အောက်ပါအတိုင်းရေးသားအသိပေးခဲ့သည်။




ကျွန်တော် တို့ ကြိုက်တာယူ ၅၀ ကျပ် ဈေးလျှော့ရောင်း ကားများ ပုဂံသို့ အရောက်လာပါပြီခင်ဗျာ။ဘုရားဖူးလာခရီးသည်တွေကို မှီခို၍နေထိုင်နေရသော ပုဂံရှိကျေးရွာများမှာခုလို အချိန် ဘုရားဖူးအသွားအလာမရှိသဖြင့် စားဝတ်နေရေးခက်ခဲနေတာကြာပြီဖြစ်ပါတယ် ?




ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကအိမ်ထောင်စု ၂၀၀၀ စာရောင်းချပေးရန်အတွက်ဈေးလျှော့ရောင်းကားများပုဂံသို့အရောက်လာပါပြီခင်ဗျာ။၂၃ ရက်နေ့ ရန်ကုန်ကထွက်လာပြီး ၂၄ အင်္ဂါနေ့ ကိုလည့်လည်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ




၁။ဆန် ၁ပြည် ၊ငါးသေတ်တာ ၃ဘူး၊ခေါက်ဆွဲ ၃ထုတ်၊လစဉ်သုံး ၁ ပါကင် Mask ၁ထုတ် ၅မျိုးကို ၅၀ ကျပ်
၂။ကြက်ဥ ၁ကဒ်၊ငါးသေတ်တာ၃ဘူး၊ခေါက်ဆွဲ၃ ထုတ်၊လစဉ်သုံး ၁ပါကင်၊Msak ၁ ထုတ် ၅မျိုးကို ၅၀ ကျပ် ကြိုက်တဲ့ Package ယူ ( ၅၀ ) ကျပ်ပါ ခင်ဗျာ




အချို့ လူစည်ကားတဲ့နေရာများတွင်လူစုလူဝေးမဖြစ်စေရန်တိုကင်စနစ်လေးလည်းစီစဉ်ထားပါတယ်။ကားအားလုံးတွင် ဗီနိုင် /စတေကာ များပါလို့လမ်းမှာတွေ့ခဲ့ရင်ကားတားပြီးလည်းဝယ်ယူလို့ ရပါတယ်ခင်ဗျာ ?




ကျန်းမာရေး ဂရုစိုက်ကြပါ အားရှိတဲ့ အစားစား စားပါ ??မိမိထက် အဆင်မပြေသူများကို ဦးစားပေးခြင်းဖြင့် ပြည်သူ အချင်းချင်း ကူညီပါ ??

လှူဒါန်းပေးသော တီတီ နှင့် (နိုင်ငံတကာ မှ ၇ သားသမီးများကောင်းမှု ?မြန်မာပြည်ဖွား တရုတ်လူငယ်များ ?ဆန် ၁ပြည်အိတ် ၁၅၀၀ လှူဒါန်းသော မမြတ်နိုးခင် မိသားစု ?




Mask လှူဒါန်းပေးသောကိုနိုင်ဦး မိသားစုT shirt လှူဒါန်းပေးသောကိုအောင်ရဲမင်းနှင့်အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ့