ဆုံးပါးသွားတဲ့မိဘနှစ်ပါးအတွက်ရည်စူးပြီးကောင်းမှုကုသိုလ်များကိုနယူးယောက်ကဘုန်းကြီးကျောင်းမှာပြုလုပ်ပေးတဲ့ ခွန်းဆင့်နေခြည်
သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်ကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်ပြီး




ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်နော်။ အခုတော့ နယူးယောက်မှာပဲ အခြေချ နေထိုင်နေတာ ဖြစ်ပါတယ်။




သူအနေနဲ့ ချစ်ရတဲ့ မိဘ နှစ်ပါးလုံးကို ရှေ့ဆင့် နောက်ဆင့် ဆုံးရှုံးခဲ့ရလို့ အဝေးကနေ အတိုင်းမသိ ဖြေဆည်မရ ဖြစ်ခဲ့ရတာပါ ။




ဒီနေ့မှာတော့ ကွယ်လွန်သွားတဲ့ မိဘနှစ်ပါးကို ရည်စူးပြီး ကောင်းမှုကုသိုလ်များစွာပြုလုပ် ခဲ့တာကို တွေ့ရပါတယ်။




နယူးယောက်က ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ဃန်း ဆီမီးတစ်ထောင် အာရုံဆွမ်း နှင့် နဝကမ္မ အလှူငွေတို့ကိုကပ်လှူခဲ့တဲ့ အကြောင်းကို




” USA NewYork က ဘုန်းကြီးကျောင်းမှာမိဘနှစ်ပါးနှင့်အစ်ကိုတို့အားရည်စူး၍ဝါဆိုသင်္ဃန်း ဆီမီးတစ်ထောင် အာရုံဆွမ်း နှင့် နဝကမ္မ အလှူငွေတို့ကိုကပ်လှူခဲ့ပါသည်။




အမေ အဖေနဲ့ အစ်ကိုတို့ ကုသိုလ်ရရှိနိုင်ကြပါစေ။” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။







Photo – Khun Sint Naychi