မျှစ်စားသုံးပေးခြင်းကြောင့် ရရှိနိုင်သောကောင်းကျိုး ဆိုးကျိုးများ

မျှစ်စားသုံးပေးခြင်းကြောင့် ရရှိနိုင်သောကောင်းကျိုး ဆိုးကျိုးများ

မြန်မာလူမျိုးတွေကမျှစ်ကိုကြာ်ချက်ပြီး ဟင်းအမျိုးမျိုလုပ်စားကြပါတယ်။ဒါပေမယ့်မျှစ်တွေကိုဆေးဆိုးထားတယ်ဆိုတဲ့သတင်းထွက်လာပြီးနောက်မှာမျှစ်ကိုစားဖိုလက်တွန့် သွားကြပါတယ်။ ဒါကြောင့်ဆေးမဆိုးထားတဲ့မျှစ်တွေကိုရွေးချယ်စားသောက်ဖို့ အကြံပြုပါတယ်။ထို့ပြင်မျှစ်ကြောင့်ရရှိလာနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်းဖော်ပြလိုက်ပါတယ်။

(၁)အစာခြေစနစ်ကျန်းမာခြင်း-မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။

(၂)နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း-မျှစ်မှာဖီနောလစ်အက်စစ်များစွာပါဝင်မှုကြောင့်ရောင်ရမ်းမှုလျော့ကျပြီးအင်တီအောက်ဆီးဒင့်အစွမ်းရှိပါတယ်။ဒါကြောင့်နှလုံးရောဂါအပါအဝင်နာတာရှည်ရောဂါတွေကိုလျော့ကျစေပါတယ်။မျှစ်မှာပါဝင်တဲ့ပိုတက်စီယမ်ဟာလည်းနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

(၃)ပိုးသတ်အာနိသင်ရှိခြင်း-မျှစ်မှဖိုင်ကိုကမ်မီကယ်များစွာပါဝင်တာကြောင့်ဖန်းဂတ်စ်မှိုတားအာနိသင်၊ဘက်တီးရီးယားဆန့်ကျင်တဲ့အာနိသင်နဲ့ ကင်ဆာတားအာနိသင်တို့ ရှိကြပါတယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း-မျှစ်မှာပိုက်တက်စီယမ်ပါဝင်မှုများတာကြောင့်သွေးတိုးကိုကျစေပါတယ်။မျှစ်တစ်ခွက်မှာတစ်နေ့တာလိုအပ်တဲ့ပိုတက်စီယမ်ပမာဏရဲ့ ငါးပုံတစ်ပုံပါဝင်နေပါတယ်။

(၅)မကောင်းသောအဆီကိုကျစေခြင်း-မျှစ်ဟာမကောင်းတဲ့ကိုလက်စထရောအဆီ (LDL)ကိုလျော့ကျစေပါတယ်။မျှစ်မှာကယ်လိုရီပါဝင်မှုလျော့နည်းတာကြောင့်အဝလွန်သူတွေနဲ့သင့်တော်ပါတယ်။ဒါ့အပြင်အမျှင်ဓာတ်ပါဝင်မှုများပြီးမကြာခဏဆာလောင်မှု လျော့နည်းတာကြောင့်ကိုယ်အလေးချိန်ထိန်းနေသူတွေအတွက်သင့်တော်ပါတယ်။မျှစ်ရည်ဟာအူလမ်းကြောင်းရှိသန်ကောင်တွေကိုလျော့ကျစေပါတယ်။

(၆)ဝမ်းမှန်မှန်သွားစေခြင်း-မျှစ်မှာအမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကကောင်းမွန်စေပြီးနာတာရှည်ဝမ်းချုပ်မှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။မျှစ်တစ်ခွက် စားပေရင်တစ်နေ့တာလိုအပ်တဲ့အမျှင်ဓာတ်ပမာဏကိုရရှိစေပါတယ်။

(၇)အမျိုးသမီးများတွင်ရာသီစက်ဝန်း မှန်စေခြင်း-မျှစ်တွေဟာရာသီစက်ဝန်းကိုလှုံ့ဆော်ပေးပြီးရာသီမှန်မှန်လာစေပါတယ်။

(၈)သည်းခြေအိတ်ကို ကျန်းမာစေခြင်း-ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကိုသည်းခြေအိတ် ဝေဒနာတွေလျော့ကျဖို့အတွက်အိမ်သုံးဆေးတစ်လက်အနေနဲ့ အရင်ကအသိပြုခဲ့ကြပါတယ်။

(၉)ဒဏ်ရာငယ်များကို သန့်စင်စေခြင်း-မျှစ်ရည်ဟာဒဏ်ရာငယ်တွေကိုသန့်စင်စေတယ်လို့သိရပါတယ်။သန့်ရှင်းတဲ့မျှစ်ရည်ကဒဏ်ရာအပေါ် လိမ်းပေးရင်အနာကျက်မြန်စေတယ်လို့တချို့ကယုံကြည်ကြပါတယ်။

(၁၀)သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း-လိပ်ခေါင်းကသွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါဖြစ်နေလျှင်မျှစ်ကိုစားပေးပါကသက်သာစေတယ်လို့တချို့က ဆိုပါတယ်။မည်သည့်အရာမဆိုကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတတ်တာမို့မျှစ်ရဲ့ဆိုးကျိုးများကိုပါဖော်ပြပေးလိုက်ပါတယ်။

မျှစ်စားခြင်းရဲ့ဆိုးကျိုးများ

မျှစ်ကိုလူအများအဆမတန်စားသုံးခြင်းကြောင့်ဝါးမျိုးများကိုပြုန်းတီးစေပြီးသဘာဝပတ်ဝန်းကျင်ကိုများစွာထိခိုက်ပျက်စီးစေပါတယ်။ဝါးတွေဟာလေထုထဲမှာပါတဲ့ကာဗွန်ဒိုင်အောက်ဆိုက်၇၀% ကျော်ကိုစုပ်ယူပြီးလူတွေအသက်ရှူဖို့သန့်စင်တဲ့အောက်ဆီဂျင်ကိုပြန်လည်ထုတ်လွှတ်ပေးတာကြောင့်ဝါးပင်တွေဝါးတောတွေရှင်သန်ဖြစ်ထွန်းနေဖို့အရေးကြီးပါတယ်။

မျှစ်စားခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လျှော့ချပစ်တာကြောင့် အလွန်ပိန်လွန်းသူများ မျှစ်ကိုလုံး၀ မစားသုံးသင့်ပါ။အထက်တွင်ဖော်ပြခဲ့သလို မျှစ်စားခြင်းကြောင့်ကျန်းမာရေးအတွက်ကောင်းကျိုးများရှိသလိုအလွန်အကျွံစားသုံးရင်တော့ပြောင်းပြန်အကျိုးသက်ရောက်စေပါတယ်။ဥပမာ–ဝမ်းကို မှန်မှန်သွားစေတယ်လို့ကောင်းကျိုးရှိပေမယ့်အလွန်အကျွံစားရင်တော့ဝမ်းသွားပါလိမ့်မယ်။

အရေးအကြီးဆုံးအချက်လာပါပြီ။မျှစ်အများစုဟာစားတဲ့အခါမှာတုံးကနဲလဲသေလောက်အောင်အဆိပ်အတောက်မရှိပေမယ့်တရိရိသေစေနိုင်တဲ့Cyanogenic glycoside လို့ခေါ်တဲ့ Cyanide(ဆိုက်ယာနိုက်) ဒြပ်တွေပါဝင်နေပါတယ်တဲ့။အချို့မျှစ်တွေမှာတော့ဒီCyanide(ဆိုက်ယာနိုက်)ဒြပ်ပေါင်းဟာ300 mg HCN/100g fresh weightပါဝင်နေတာကြောင့်တော်တော်လေးကိုအန္တရာယ်ရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်တွေ့တဲ့မျှစ်တိုင်းအရမ်းမစားမိစေဖို့အရေးကြီးပါတယ်။အလွန်အကျွံမစားမိဖို့လည်းအရေးကြီးပါတယ်။စားမယ်ဆိုရင်လည်း ကျက်အောင်ချက်ပြုတ်ပြီးမှစားသင့်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *