“ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံရှိကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့အသက်ကယ်လူနာတင်ယာဉ်များ ပေးပို့”(၁၉.၈.၂၀၂၁)

ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်များအရသြဂုတ်လအတွင်းရောဂါပိုးကူးစက်နှုန်း ၃၀ရာခိုင်နှုန်း မှ ၄၀ရာခိုင်နှုန်းအထိရှိနေပြီး ကိုဗစ်−၁၉လူနာသစ်နှင့် သေဆုံးသူဦးရေ နေ့စဉ်မြင့်တက်နေမှုကိုကြုံတွေ့နေရသော




မြန်မာနိုင်ငံ၏ ကိုဗစ်−၁၉ အခြေအနေများကိုဂျပန်နိုင်ငံအနေဖြင့်အလွန်ပင်နာကျင်ကြေကွဲရပါသည်။ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း၊ဆေးရုံများတွင် လူနာတင်ကုတင်များလုံလောက်မှုမရှိခြင်းနှင့်




အောက်ဆီဂျင်ပြတ်လပ်မှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေလျက်ရှိပါသည်။လက်ရှိကျရောက်လျက်ရှိသောကပ်ရောဂါ တတိယလှိုင်းကာလအတွင်းကိုဗစ်−၁၉ ခံစားနေရသော




မြန်မာပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရက ကိုဗစ်−၁၉လူနာများအားအရေးပေါ်သယ်ယူပို့ဆောင်ရာတွင်အထောက်အကူပြုနိုင်ရန်မြန်မာနိုင်ငံတ၀န်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့




လူနာတင်ယာဉ်များ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။လူနာတင်ယာဉ်များကို ကိုဗစ်−၁၉ လူနာများအားကုသပေးနေသောအောက်ဖော်ပြပါကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင်အသုံးပြုသွားမည်ဖြစ်ပါသည်။

၁။ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး
၂။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး




၃။ နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး
၄။ မြောက်ဥက္ကလာပအထွေထွေဆေးရုံကြီး
၅။ ဝေဘာဂီအထူးကုဆေးရုံ (ကူးစက်)
၆။ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး




၇။ လွိုင်ကော်အထွေထွေရောဂါကုဆေးရုံကြီး
၈။ မုံရွာအထွေထွေရောဂါကုဆေးရုံကြီး
၉။ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီး
၁၀။ ပြည်အထွေထွေရောဂါကုဆေးရုံကြီး




၁၁။ မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး
၁၂။ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး
၁၃။ လားရှိုးအထွေထွေရောဂါကုဆေးရုံကြီး




၁၄။ ပုသိမ်အထွေထွေရောဂါကုဆေးရုံကြီး

လူနာတင်ယာဉ်များကုန်ကျငွေအတွက်ယမန်နှစ်ကစတင်အကောင်အထည်ဖော်ခဲ့သည့် (အမေရိကန်ဒေါ်လာ ၅.၁၈ သန်းတန်ဖိုးရှိ)ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်ထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ပါသည်။




ဂျပန်နိုင်ငံသည် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သည့် Automated PCR testing machines (PCR အလိုအလျောက်စစ်ဆေးစက်များ) နှင့် PCR လက်ပ်တော့များ၊ PCR test kits (PCR စစ်ဆေးကိရိယာများ)၊




RNA extraction kits (RNA ထုတ်ယူသည့်ကိရိယာများ) နှင့် molecular biological grade ethanolများ၊ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးယူနစ်များနှင့် ICU အဆောက်အအုံများအတွက် မီးစက်များကို ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။




ဂျပန်နိုင်ငံအစိုးရနှင့်ဂျပန်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။ဂျပန်နိုင်ငံသည် မကြာမီပေးအပ်တော့မည့် Oxygen Concentrator များအပါအ၀င်




မြန်မာပြည်သူများလိုအပ်နေသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အမှန်တကယ်လိုအပ်နေသောပြည်သူများထံအထောက်အပံ့များတိုက်ရိုက်ရောက်ရှိအောင်ဆောင်ရွက်ပေးနိုင်သည့်




မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် တက်ကြွစွာ ပံ့ပိုးကူညီသွားမည့်မူဝါဒကိုကိုင်စွဲထားပါသည်။
Source-Embassyofjapaninmyanmar