အကယ်ဒမီဖွေးဖွေ၏ဖခင်ကွယ်လွန်သွားရခြင်းအကြေအကယ်ဒမီဖွေးဖွေး၏ဖခင်ကွယ်လွန်သွားတဲ့အတွက်၀မ်းနည်းကြောင်းပြောပြလာတဲ့ အကယ်ဒမီခိုင်သင်းကြည်




ပရိတ်သတ်ကြီးရေ ဖွေးဖွေးကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသလို ထူးချွန်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။




ပရိသတ်တွေချင်ခင်အားပေးရတဲ့မင်းသမီးချောလေးဖွေးဖွေးကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။




ဖွေးဖွေးကနွေဦးတော်လှန်ရေးကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့တာဘဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဖမ်းဝရမ်းထုတ်ခံရပြီးထွက်ပြေးတိမ်းရှောင်နေတာလည်းဖြစ်ပါတယ်။




ထွက်ပြေးတိမ်ရှောင်စဉ်ကာလမှာဖွေးဖွေးရဲ့အဖွားဖြစ်သူလည်းကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

အခုအဖွားဖြစ်သူကွယ်လွန်တာရက်အနည်းငယ်ပဲရှိပါသေးတယ်။ ယခုမှာဖခင်ဖြစ်သူပါထပ်ကွယ်လွန်သွားပါတယ်။




ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဖွေးဖွေး၏ဖခင်ဦးကျော်ကျော်ဝင်း (ခ) ဦးမောင်ဦး အသက်(၅၈)နှစ်ဟာဩဂုတ်လ ၁၉ ရက်နေ့၊ ညတွင်ကိုဗစ်ရောဂါဖြင့်ပန်းလိူင်ဆေးရုံတွင် ကွယ်လွန်သွားကြောင်းသိရတာပဲဖြစ်ပါတယ်။




ဖွေးဖွေးဖခင်သေဆုံးမှုမှာ အနုပညာရှင်မောင်နှမတွေ ကလူမှုကွန်ယက် ၀မ်းနည်းမဆုံးဆုတောင်းစကားတွေပြောပေးနေကြတာပဲဖြစ်ပါတယ်။

အခုလည်း ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကလည်း ဖွေးဖွေး၏ဖခင်အတွက် ၀မ်းနည်းကြောင်း လေးကိုပြောပြလာတာပဲဖြစ်ပါတယ်။




“အစားထိုးမရတဲ့ဆုံးရှုံးမှု့ကြီးအတွက်ဘယ်လိုစကားလုံးနဲ့အားပေးစကားပြောရမှန်းတောင်မသိတော့ပါဘူးဖွေးရေ?အဖေကိုအရမ်းချစ်သူမို့အရမ်းခံစားနေရမယ်ဆိုတာသိပါတယ်?




အန်ကယ်ကောင်းမွန်ရာဘုံဘဝရောက်ပါစေ?” ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေပေးထားတာကြောင်းလေး တင်ဆက်ပေးလိုက်ရပါတယ်။

ဖွေးဖွေး၏ဖခင်လည်းကောင်းရာသုဂတိလားပါစေလို့ မေ့လက်ရာမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ဖွေးစိန်လေးလည်း အမြန်ဆုံးမိသားစုနဲ့အတူပြန်ဆုံနိုင်ပါစေ…