ကို​ဇေနဲ့မလတ်တို့ရဲ့၂၄နာရီအောက်ဆီဂျင်အခမဲ့အလှူအကြောင်းပြောပြလာတဲ့သရုပ်ဆောင်မောင်(ခ)စိန်ဖြိုး

ကို​ဇေနဲ့မလတ်တို့ရဲ့၂၄နာရီအောက်ဆီဂျင်အခမဲ့အလှူအကြောင်းပြောပြလာတဲ့သရုပ်ဆောင်မောင်(ခ)စိန်ဖြိုး

ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသား မောင် (ခ) စိန် ဖြိုးမှ ကိုဇေနဲ့မလတ်တို့ရဲ့ ၂၄နာရီ အောက်ဆီဂျင်အလှူလေးပါဆိုပြီးပြောပြလာပါတယ်။

မကြာသေးခင်က မှအောက်ဆီဂျင်စက်ကြီးများရောက်လာပြီးတပ်ဆင်နေမှုများကို လည်း လူမှုကွန်ယက်မှာပြောပြထားခဲ့ပါတယ်။

ယခုမှာတော့ စက်ကြီးများတပ်ဆင်မှုပြီးစီပြီဖြစ်လို့ မနက်ဖြန်မှစပြီးအောက်ဆီဂျင်အိုးများကိုအခမဲ့ ဖြည့်ပေးတော့မယ်ဆိုတဲ့အကြောင်းလေးကိုပါ ပြောပြလာတာဖြစ်ပါတယ်။

“မနက်ဖြန် ၂၀.၈.၂၀၂၁ ည​နေ ၃နာရီကစပြီး ​အောက်ဆီဂျင်အိုးများ အခမဲ့ လာဖြည့်လို့ရပါပြီ… ဒီတိုင်းတန်းပြီ လာဖြည့်လို့​တော့ မရပါဘူး..

တန်းစီစရာမလို​အောင်နဲ့ ​Booking စနစ်နဲ့ ဖြည့်​ပေးသွားမှာပါ Chat box လူနာရဲ့အချက်အလက်နဲ့ ​အောက်ဆီဂျင်နံပါတ်နဲ့ကို ဓါတ်ပုံပို့​ပေးပါ။

ဖြည့်ချင်တဲ့ ​နေ့ရက်နှင့် အိုးဆိုဒ် ကို​ပြောပါ။ နာမည် နှင့်ဖုန်းနံပါတ်ကိုပေးပြီးရင်လာဖြည့်ရမယ့် ​နေရာလိပ်စာနဲ့ အချိန်တိကျ Booking ကိုရပါမယ်။

ချိန်းဆိုထားတဲ့အချိန်အတိုင်းလာ​ရောက်ပြီး Booking လုပ်ထားတဲ့နာမည် ဖုန်းနံပါတ်ပြောကာ ဖြည့်ပြီး ယူသွားရုံပါပဲ..။

စာရင်းမ​ပေးထား​သောသူများအား ဖြည့်​ပေးနိုင်မည်မဟုတ်ပါ။လူနာတဦးလျှင် တစ်ရက်တစ်အိုးသာဖြည့်​ပေးပါမည်ဟုပြောပြထားတာပဲဖြစ်ပါတယ်။

ဒါအပြင်လည်း မလတ် ဖြစ်သူ အကယ်ဒမီနန္ဒာလှိုင်၏ လူမှုကွန်ယက်မှာလည်း ထပ်ပြီးကြော်ထားပါသေးတယ်။

“မနက်ဖြန် ၂၀ရက်နေ့ ညနေ ၃ နာရီကစပြီး အောက်ဆီဂျင် လိုအပ်နေသူများအတွက် Oxygen Cylinder အိုးများဖြင့် အခမဲ့လာရောက်ဖြည့်လို့ရပါပြီ။

အောက်ဆီဂျင် လိုအပ်နေသော လူနာရှင်ကိုယ်တိုင်မှ Zay Thiha၊ Nandar Hlaing ၊ Sein Phyo Hlaing၊ SEIN PHYO & YI အကောင့်များသို့ ဆက်သွယ်ပြီး အောက်ဆီဂျင် ထုတ်ယူနိုင်ပါတယ်။

ရောဂါပြန့်ပွါးမှု ထိန်းချုပ်နိုင်စေရန် တန်းစီစနစ်မလုပ်ထားပဲ ကြိုတင်အကြောင်းကြားထားသူများကိုသာ ဖြည့်ပေးပါမယ်။လူနာတစ်ဦးလျှင် နေ့စဉ် မည်သည့်အောက်ဆီဂျင်အိုး အရွယ်အစားမဆိုတစ်လုံးဖြည့်ပေးပါမယ်။၂၄ နာရီ ဖြည့်ပေးဖို့ စီစဉ်ထားပါတယ်။

ဖြည့်ရမဲ့နေရာကတော့ ဇေကမ္ဘာ ကုမ္ပဏီ ရုံးချုပ်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော် ၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီးပါ။

ကျန်းမာကြပါစေ ဒီကုသိုလ်သည် နှစ်ဖက်သော မိဘများဖြစ်ကြတဲ့ ဦးခင်ရွှေ၊ ဒေါ်စန်းစန်းကြွယ်၊ ဦးချိန်လှိုင်၊ ဒေါ်ခင်လှ တို့မှစ၍ဘဝအဆက်ဆက်မှတော်စပ်ခဲ့ဖူးသောမိဟောင်းဘဟောင်းဆွေဟောင်းမျိုးဟောင်းများအားလုံးတို့၏

လိုအင်ဆန္ဒ များပြည့်ဝကြပြီး ကျန်းမာပျော်ရွှင် အသက်ရှည်ရှည်နေထိုင်ကြပါစေ။မြန်မာနိုင်ငံအတွင်း ကျန်းမာခြင်း၊ အေးချမ်းခြင်း၊ ချမ်းသာခြင်းစတဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာ ဆုမတောင်းပဲ ထပ်တူထပ်မျှ ပြည့်ဝကြပါစေ။

ကောင်းမှုကံလမ်း ပွင့်လန်းကြပြီး မကောင်းသောကံအပေါင်းမှေးမှိန် ပျောက်ကွယ် ကင်းရှင်းကြပါစေ။ လျှောက်သောလမ်းတိုင်း သာယာကြစေပြီး ပြောသောစကားများ မင်္ဂလာ ရှိကြပါစေ။

စာကြွင်း။ နောက်တပတ် ထပ်ရောက်လာမဲ့ စက်တစ်ခုနဲ့ဆိုရင် နေ့စဉ် 40L အိုး အလုံးပေါင်း ၃၀၀ မျှဝေနိုင်ပါမယ်။ ***ဟု အကယ်ဒမီ နန္ဒာလှိုင် မှ ရေးသား အသိပေးခဲ့သည်။

photo by Sein Phyo

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *