နေခြည်ဦးနှင့် ​ကြော်ငြာရိုက်ကူးခြင်းလုံးဝမရှိခဲ့​ကြောင်း Wonder Bath myanmar Co.Ltd မှ ပြောကြား

နေခြည်ဦးနှင့် ​ကြော်ငြာရိုက်ကူးခြင်းလုံးဝမရှိခဲ့​ကြောင်း Wonder Bath myanmar Co.Ltd မှ ပြောကြား

Facebookမှ ဖယ်ရှားခံရပြီး​နောက်အင်စတာဂရမ်သို့ကူး​ပြောင်းကာအလှပုံများ၊ဗီဒီယိုများတင်​ဆက်နေသူ Beauty Bloggerတဦးဖြစ်သူနေခြည်ဦးသည်

Wonder Bath Brand၏အလှကုန်ပစ္စည်းတခုကို ကိုင်​ဆောင်ကြော်ငြာခဲ့သည့်အတွက် 𝐖𝐨𝐧𝐝𝐞𝐫 𝐁𝐚𝐭𝐡 𝐌𝐲𝐚𝐧𝐦𝐚𝐫 Company ကိုထိခိုက်လာခဲ့​ကြောင်း၊

အဆိုပါကိစ္စမှာ​နေခြည်ဦး၏သ​ဘောဆန္ဒ တခုထဲဖြစ်သာပြုလုပ်ခဲ့ခြင်းဖြစ်ပြီးCompany အ​နေဖြင့်နေခြည်ဦးနှင့်တွဲဖက်ပြီး​ကြော်ငြာ ရိုက်ကူးခြင်းလုံးဝမရှိ၊

အင်စတာဂရမ်မှကိစ္စသည်လည်း၎င်းတို့နှင့်လုံးဝသက်ဆိုင်ခြင်းမရှိ​ကြောင်း​ပြောလာခဲ့ခြင်းဖြစ်ပါသည်။”ယခု social mediaပေါ်တွင်ပြန့်နှံ့လျှက်ရှိသောနေခြည်ဦးနှင့်

သူ၏ Instagram Story တွင်ကြော်ငြာထားသော Wonder Bath Brand သည်နေခြည်ဦးနှင့်အတူမည်သည့်အခါကမှလက်တွဲလုပ်ကိုင်ခြင်းမရှိခဲ့ပါကြောင်းနှင့်

မလိုလားအပ်သောပြသနာများပေါ်ပေါက်လာမည်ကို မလိုလားသောကြောင့် Wonder Bath customer များအားအထူးလေးစားစွာအသိပေးအပ်ပါသည်။

နောက်နောင်တွင်လဲ သူမနှင့်လက်တွဲလုပ်ကိုင်မည်မဟုတ်ကြောင်းအတိအလင်းကြေငြာအပ်ပါသည်… ယခုဖြစ်ရပ်သည်လဲသူမ​၏စိတ်သဘောထားဖြင့်သာပြုလုပ်ခြင်းဖြစ်ပြီး

Wonder Bath Myanmar နှင့်မသက်ဆိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။Wonder Bath နှင့်လက်တွဲလုပ်ကိုင်ခဲ့ဖူးသူများမှာ

၁။ Kelvin

၂။ Yayy Yayy

၃။ Carrieတို့နှင့်သာလက်တွဲလုပ်ကိုင်ခဲ့ပြီးဖေဖော်ဝါရီလ၂၀၂၁ မှစ၍မည့်သည့် celebrity များနှင့် Activity များပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါကြောင်း…

ပြည်သူနဲ့အမြဲရပ်တည်လျက်ရှိ​နေပါ​ကြောင်း 𝐖𝐨𝐧𝐝𝐞𝐫 𝐁𝐚𝐭𝐡 𝐌𝐲𝐚𝐧𝐦𝐚𝐫မှ တရားဝင် စာထုတ်ပြန် ​ကြေငြာခဲ့ရခြင်းလည်းဖြစ်ပါသည်။

Source by ; Wonder Bath Myanmar
photo by Internet

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *