ရန်ကုန်တိုင်း (၁၀)မြို့နယ်အား(၁၂)နာရီကြာရေပြတ်တောက်မည့်အသိပေးကြေငြာချက်

ရန်ကုန်တိုင်း (၁၀)မြို့နယ်အား(၁၂)နာရီကြာရေပြတ်တောက်မည့်အသိပေးကြေငြာချက်

မနက်ဖြန် သြဂုတ်လ၁၉ရက်နေ့တွင်ရန်ကုန်မြို့တွင်းအဓိကရေပေးဝေလျှက်ရှိသော ရေလှောင်ကန်ပြုပြင်ထိန်းသိမ်းမှာဖြစ်တဲ့အတွက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှကြိုတင်အသိပေးကြေငြာထားပါတယ်။ကြေငြာချက်အရ ”ရန်ကုန်မြို့တွင်းသို့ အဓိကရေပေးဝေလျှက်ရှိသော

ကုက္ကိုင်းရေလှောင်ကန်မှ ရွှေတိဂုံဘုရားရေလှောင်ကန်သို့ ဆက်သွယ်ထားသော သက်တမ်းကြာမြင့်သည့် 42” CI ရေပို့ပိုက်မကြီးတွင်တပ်ဆင်ထားသောရေထိန်းဗျားများချို့ယွင်းလာမှုကြောင့်

ရေလေလွင့်ဆုံးရှုံးမှုမဖြစ်စေရန်ရေထိန်းဗားများအသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို ၁၉-၈-၂၀၂၁ နေ့တွင် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရေပိတ်၍ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရွှေတိဂုံဘုရားရေလှောင်ကန်နှင့် အဆိုပါ 42” CI ရေပို့ပိုက်မကြီးမှတဆင့် ရေသုံးစွဲလျှက်ရှိသော ဗဟန်း၊ အလုံ၊ ကျောက်တံတား၊လမ်းမတော်၊လာသာ၊

ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊တာမွေမြို့နယ်များတွင် ၁၉-၈-၂၀၂၁ နေ့ မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရေအားနည်းခြင်း၊

ရေပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့်ရေကြိုတင်စုဆောင်းနိုင်ပါရန်အသိပေးကြေညာအပ်ပါသည်” ဆိုပြီး

ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှထုတ်ပြန်ထားပါတယ်။










Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *