သင့်ရဲ့နေအိမ်ကို လာဘ်ပိတ်စေသောအချက်(၃၃)ချက်

သင့်ရဲ့နေအိမ်ကို လာဘ်ပိတ်စေသောအချက်(၃၃)ချက်

မိမိတို့ နေအိမ်ကို သတိမထားမိဘဲ လာဘ်ပိတ်စေတတ်သော အပြုအမူများလုပ်မိနေပြီလားဆိုတာသိရအောင် ဖတ်ထားသင့်တယ်နော်

၁။ မီးဖိုအားစလောင်းဖုံးအုပ်ခြင်း

၂။ အိမ်ထောင်ဦးစီးလင်ယောင်္ကျားအားနိမ့်ကျသော နေရာတွင်ထားခြင်း

၃။ မိမိ ဇနီးသည်အားညာဘက်တွင် အိပ်စေခြင်း

၄။ စားသောက်သော အိုးခွက်ပန်းကန်များအား လွှင့်ပြစ်ခြင်း

၅။ ထမင်းဟင်းချက်ရင်းသီချင်းဆိုခြင်း

၆။ နေဝင်ခါစအချိန်တွင်အိပ်စက်ခြင်း

၇။ နေဝင်မိုးချုပ်လေချွန်ခြင်း

၈။ နေမထွက်ခင်ကြွေးပေးကြွေးယူကြွေတောင်းခံရခြင်း

၉။ နေဝင် နေထွက်ချိန် သန်းရှာခြင်း

၁၀။ နေဝင်နေထွက်ချိန် ကလေးများအား ရိုက်ခြင်း

၁၁။ နေမွန်းတည့်ချိန် တိရိစ္ဆာန်များအားသတ်ဖြတ်ခြင်း

၁၂။ နေဝင်နေထွက်ချိန်တွင်ကျိန်စာတိုက်ခြင်း

၁၃။ အမျိုးသမီးများမိုးချုပ်ချိန် ဆံပင်ဖားလျှားဖြင့် အပြင်သို့သွားခြင်း

၁၄။ အမျိုးသမီးများ၏မသန့်ရှင်းသောပစ္စည်းများကိုအိမ်ဦးခန်း၌ထားခြင်းစွန့်ပစ်ခြင်း

၁၅။ မိမိ ဝတ်သောပုဆိုးထမိန်ဖြင့် မျက်နှာသုတ်ခြင်း

၁၆။ အိမ် အပေါက်အား နောက်ပြန်ဝင်ခြင်း

၁၇။ မျက်နှာမသစ်ပဲ အစာစားခြင်း

၁၈။ မိမိ ခန္ဓာကိုယ်မှအမွှေးအမျှင်နှင့်မသန့်ရှင်းသောပစ္စည်းများအိမ်အတွင်းစွန့်ပစ်ခြင်း

၁၉။ သောက်ရေအိုး ရေမလဲပဲခြောက်နေခြင်း

၂၀။ သောက်ရေအိုး မှရေကိုထမင်းဟင်းချက်ရာတွင်သုံးခြင်း

၂၁။ လင်သားအား စိတ်ဆိုး၍ ကျောခိုင်း အိပ်ခြင်း

၂၂။ သားသမီး ဇနီးကို လင်သားက ငွေ (သို့) အစားအစာ ပစ်ပေးခြင်း

၂၃။ အဝတ်အစား များ ပြောင်းပြန် ဝတ်ခြင်း

၂၄။ အိမ် အပေါက်အား ကျောခိုင်း ထိုင်ခြင်း

၂၅။ ထမင်းစားရင်း အိပ်ငိုက်ခြင်း

၂၆။ အိမ် ၏ မျက်နှာစာတွင် ကလေးငယ် အားအပေါ့ အလေးစွန့်ခိုင်းခြင်း

၂၇။ ထမင်းရည်ပူ အားမြေကြီးပေါ်သို့တိုက်ရိုက် ငှဲ့ချခြင်း

၂၈။ မိမိ အိမ်သို့ လာသော တောင်းစားသူများအား ဆဲဆိုလွှတ်ခြင်း

၂၉။ အိမ်သာတက်ရင်း အစားစားခြင်း

၃၀။ စားသောက်ပြီး အိုး ခွက် ပန်းကန်များကိုအချိန် ကြာမြင့်စွာမဆေးပဲထားခြင်း

၃၁။ အိုးခွက်ပန်းကန်များကိုတီး၍သီချင်းဆိုခြင်း

၃၂။ အိမ်ရှေ့တည့်တည့်တွင် ထမိန် စကတ်များကိုလှန်းခြင်း ချွတ်ထားခြင်း

၃၃။ မိမိအိမ်တွင်မွေးမြူ ထားသောတိရိစ္ဆာန်များအားအစာမကျွေးပဲလှောင်ထားခြင်းရိုက်နှက်ခြင်း၊တို့ကိုရှောင်ပါ။

ရှေးထုံးလည်းမပယ်နဲ့စျေးသုံးလည်းမလွယ်နဲ့ဆိုတဲ့ ရှေးဆိုရိုးစကားအတိုင်း သတိပြုဆင်ခြင်နိုင်ပြီး လာဘ်လာဘများပေါကြွယ်ဝပြောကြပါစေ….

Credit::မူရင်းရေးသားသူ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *