အမှိုက်ကောက်တဲ့သားအမိအတွက်လုံခြုံတဲ့အိမ်လေးတစ်လုံးအပြင် အရင်းအနှီးနဲ့လိုအပ်တဲ့ထောက်ပံ့မှုတွေလုပ်ပေးခဲ့တဲ့မိုးစက်

လုံခြုံတဲ့အိမ်လေးဖြစ်သွားတဲ့အပြင် အရင်းအနှီးနဲ့လိုအပ်တဲ့ထောက်ပံ့မှုလေးတွေ ဖြည့်ဆည်းပေးခဲ့တဲ့ မိုးစက်

အကာအရံမရှိ မလုံခြုံတဲ့အိမ်လေးမှာ နေထိုင်နေရှာတဲ့ သားအမိနှစ်ယောက် ရဲ့အိမ်လေးကို တတ်နိုင်သလောက်ပြုပြင်ပေးသွားဖို့ လူရွှင်တော်မိုးစက်က စီစဉ်နေခဲ့တာပါ။

အမေက နားလေးသလိုသမီးလေးကအပျိုဖော်ဝင်ကာစလေးဆိုတော့ဒီလိုနေရထိုင်ရတာ၊အဆင်မပြေဘူးလို့မြင်မိပါတယ်။

သူတို့သားအမိနှစ်ယောက်ပလုံကောက်ကြတယ်၊ရတာလေးဖြစ်သလိုစားကြတယ်။မလုံတဲ့နေရာလေးတွေစောင်လေးကာပြီးနေတယ်။

ပါတ်ဝန်းကျင်ကမနေနိုင်ကြတော့တာလပါတ်လေးတွေမိုးပေးကာပေးကြတယ်။အဲဒါကြောင့်သူတို့သားအမိအတွက်မြေရှင်နဲ့လည်းအဆင်ပြေစေမယ့်

အိမ်လေးကို လူရွှင်တော်မိုးစက်မှပြန်လည်တည်ဆောက်ပြီးလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

“အိမ်လဲ လုံခြုံသွားသလို၊ပလုံ( အမှိုက်) လဲကောက်စရာမလိုတော့ပါ…။အကုန်ဖျက်ဆောက်မရတဲ့အတွက်မလုံခြုံတဲ့နေရာလေးကိုလုံခြုံအောင်လုပ်ပေးခဲ့ပါတယ်။

တွန်းလှည်းလေးတစ်စီးဝယ်ပေးပြီးစျေးရင် (၅၀၀၀၀) လဲထုပ်ပေးခဲ့တယ်ကောင်းရောင်းကောင်းဝယ်လုပ်စားကြပေါ့ဗျာ။

လုပ်ထားပေးတဲ့ အသေးစိတ်တွေကတော့တစ်ပုံချင်းသာ ကြည့်ကြပါတော့ဗျာ…ကျွန်တော်နဲ့အတူ ဝိုင်းဝန်းလှူဒါန်းကြသူများအားလုံးကိုလဲကျေးဇူးအထူးတင်ပါတယ်ဟု”

လူမှုကွန်ယက်မှာဖော်ပြထားတာလေးနှင့် မှတ်တမ်းဓါတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။








တွန်းလှည်းလေးတစ်စီးဝယ်ပေးပြီးဈေးရင် (၅၀၀၀၀) လဲထုပ်ပေးခဲ့တယ်ကောင်းရောင်းကောင်းဝယ်လုပ်စားကြပေါ့ဗျာ။



photo by moe sat

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *