ဝေဠုကျော်ဖောင်ဒေးရှင်းမှ မျက်မမြင်ညီအစ်ကိုလေးယောက်ရှိတဲ့မိသားစုအတွက်မြေကွက်နဲ့အိမ်အသစ်ဆောက်လုပ်လှူဒါန်း
ကျုံမငေးမြို့ကမျက်မမြင် ညီအကို လေးယောက်ရှိတဲ့ မိသားစုအတွက် မြေကွက်အသစ်ပေါ်မှာ အိမ်အသစ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။
“သူတို့မိသားစုလေး နယ်မြို့မှာအလုပ်အကိုင်အဆင်မပြေလို့ ရန်ကုန်မြို့ကအသိမိတ်ဆွေဆီ တက်လာပြီးအလုပ်လာရှာပါတယ်။
အသိမိတ်ဆွေက လိပ်စာပြောင်း ရှာမတွေ့တော့ ဖောင်ဒေးရှင်းကို ဖုန်းဆက်ပေါ့။အခုတော့ ကိုဗစ်နဲ့ ပြန်မရတော့သန်လျင်ခြံမှာနေစရာစားစရာအလုပ်အကိုင်ပါရှာကြံပေးထားရပါတယ်။
သူတို့အတွက် အနီးအနားတွေက P+လူနာတွေ ထွက်နေတာကြောင့် ကြက်ဥ အလုံး ၅၀၊ အခြား စားနပ်ရိက္ခာ၊Mask၊ အခြောက်အခြမ်းတွေ သွားထောက်ပံ့ပေးဖြစ်ခဲ့ပါတယ်။”
လို့ ဝေဠုကျော်ဖောင်ဒေရှင်းမှ ပြေပြထားတာပဲဖြစ်ပါတယ်။တကယ်ဒုက္ခရောက်တဲ့သူတွေအတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားတဲ့အတွက်အရမ်းကိုဂုဏ်ယူပါတယ်။
ဖောင်ဒေးရှင်းကို လှူဒါန်းကြတဲ့အလှူရှင်တွေအတွက်လည်း၀မ်းသာပိတိသာဓုခေါ်ဆိုနိုင်ရန်ပြန်လည်မျှဝေပေးလိုက်ပါတယ်။