ဆီသတ်ရွက်၏ကျန်းမာရေးအတွက်အကျိုးပြုပုံနှင့်အသုံးပြုနည်း(၁၆)နည်း

ပျဥ်းတော်သိမ်ရွက် ခေါ် ဆီသတ်ရွက်၏ကျန်းမာရေးအတွက်အကျိုးပြုပုံနှင့်အသုံးပြုနည်း(၁၆)နည်း

ဆီသတ်ရွက်လို့အလွယ်ခေါ်နေကြတဲ့ပျဉ်းတော်သိမ်ရွက်က ကင်ဆာရောဂါနှင့် နှလုံးရောဂါ ကိုတားဆီးနိုင်သည့်အပြင်မှတ်ဥာဏ်ကိုပါကောင်းမွန်စေတယ်ဆိုတာသင်တို့သိပါသလား?

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ကစီဓာတ်၊အမျှင်ဓာတ်၊အသားဓာတ်များပါ၀င်၏။ထို့ပြင်(အမိုင်နိုအက်ဆစ်)များစွာပါ၀င်ပြီးထိုအက်စစ်များကြောင့်အစားအသောက်များအားမွှေးကြိုင်သောရနံ့ ဖြစ်စေပြီး

ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည်။ပျဉ်းတော်သိမ်ရွက်တွင်ပါ၀င်သောဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့်(ကင်ဆာရောဂါနှင့်နှလုံးရောဂါ)ကိုတားဆီးနိုင်သည့်အပြင်မှတ်ဥာဏ်ကိုပါကောင်းမွန်စေကြောင်း

သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များ၏ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည်။ပျဉ်းတော်သိမ်ရွက်မှအဆီထုတ်ပြီးထိုအဆီကိုဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံးနှင့်မျက်စေ့အမြင်ချို့ယွင်းချက်များကိုကာကွယ်နိုင်ကြောင်း

အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။

ဆေးဖက်အသုံး၀င်ပုံ များ

၁။ဆီးချိုရောဂါ

ဆီးချို၊ သွေးချို ရောဂါအတွက်နေ့စဉ် နံနက်အိပ်ရာထပြီးအစာမစားမီလက်ဆတ်သော ပျဉ်းတော်သိမ်(၁၀) ရွက်စားပါ။၃လတိတိစားလျှင်ထိုရောဂါကို ထိန်းချုပ်နိုင်ပြီးနေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်းထက်၀က်ကျော်လျော့ချနိုင်ပါသည်။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝြဖိုးခြင်း၊ သွေးထဲတွင်လွန်ကဲစွာရှိနေသော ကိုလက်စထရောကိုလျှော့ချပေးပြီး၊ဆက်လက်သုံးစွဲပါကဆီးတွင်သကြားဓာတ်ထွက်ရှိခြင်းကိုလုံး၀ရပ်ဆိုင်းအောင်ထိန်းချုပ်နိုင်ပါသည်။

ဝေဒနာရှင်များကျန်းမာရေးနှင့်ညီညွတ်သောအစားကိုစားသုံးရန်လိုအပ်ပြီးပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန်လိုအပ်ပါသည်။ (တစ်ဦးအတွက်ဆေးဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍သုံးစွဲလိုပါကချင့်ချိန်၍ သုံးစွဲပါရန်။)

၂။အစာမကြေခြင်း

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများဆာလောင်မှုမရှိပါကခံတွင်းကောင်းအောင်လှုံ့ဆော်သည့် အစာအဖြစ်အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင်သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါကပျောက်ကင်းနိုင်၏အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရင်ပူခြင်းက်ိုပျောက်ကင်းစေပါဧ။် ။

၃။ဆံပင်ဖြူခြင်း

အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

၄။မျက်စေ့ရောဂါ

ဗီတာမင်အေ များစွာပါ၀င်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက မျက်စေ့အမြင် ကြည်လင်စေဧ။် ။

၅။ကိုယ်၀န်ဆောင် ပျို့အန်ခြင်း

ကိုယ်၀န်ရှိခါစအမျိုးသမီးများတွင်ပျို့အန်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝြေခင်း၊အစားအ သောက်အနံ့မခံနိုင်ခြင်း၊ဆာလောင်မှုမရှိခြင်း၊ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည် ။

ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါကအထက်ပါ ရာဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။

၆။ခွဲစိတ်လူနာများ

ခွဲစိတ်ကုသမှုခံယူ၍ဆုံးရှုံးခံရသည့်သွေးအားကိုပြန်လည်ဖြည့်တင်းန်ိုင်ရန်(သံဓာတ်)ကြွယ် ၀သည့်ပျဉ်းတော်သိမ်ရွက်ကိုကြိတ်၍ဟင်းခါး(သို့)သီးစုံဟင်းနှင့်ရောနှောချက်ပြုတ်စားပါကအမြန်ကျန်းမာလာနိုင်သည်။

၇။၀မ်းချုပ်ခြင်း

ဆူပွက်နေသော ရေနွေးတစ်ခွက်တွင်ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီးပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။

၈။ခံတွင်းပျက်ခြင်း

အစာမကြေခြင်း နှင့်ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါကအရသာကိုသိစေသော လျှာပေါ်ရှိ(အရသာခံအဖု)များကောင်းစွာအလုပ်မလုပ်ခြင်းကြောင့်ခံတွင်းပျက်ရ၏။

ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင်ဂျင်း၊ကြက်သွန်ဖြူ၊မကျည်းမှည့်၊ငရုတ်သီးနှင့် ဆားအနည်းငယ်စီရောကြိတ်၍ ရလာသောအနှစ်ကိုထမင်းဖြုနှင့် စားသုံးပါကခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

၉။စိတ်ပျံ့လွင့်ခြင်း

အရွက်အားကြိတ်၍ရသောအနှစ်တွင်သံပုရာရည်၊ဆမ်းပြီးထမင်းဖြူ နှင့်နေ့ရောညပါ စားသုံးပါကသက်သာပျောက်ကင်း၍ကျန်းမာလာနိုင်မည် ။

၁၀။ဒူလာသွေး၀မ်း

ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများအတွက် အရွက်ကို စားပေးပါက သက်သာစေပါ၏

၁၁။ဖျဉ်းဝေဒနာ

ရှေးမြန်မာဘုရင်များလက်ထက်ကမင်းညီမင်းသားများအရက်သောက်ပြီးအသည်း ကျွမ်း၍ ဖျဉ်းဖြစ်ကြ၏။သမားတော်များကဖျဉ်းတော်သိမ်နှင့်ကုသ၏။ ကုသရင်းဖျဉ်းတော်သိမ်သွားရာမှကာလရွေ့လျော၍ပျဉ်းတော်သိမ်ဟုနာမည်တွင်ရစ်သည်ဟုဆိုပါ၏။

ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ။ ချိုးလည်းချိုးပါ။အရွက်နုကိုအတ်ို့အမြှုပ်လုပ်စားပါ။ဟင်းခါးချက်သောက်ပါ။နေ့စဉ်ထမင်းစားတိုင်းကျွေးပါကသက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူ၏နည်း။)

၁၂။ကင်ဆာကို တွန်းလှန်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်ရွက်တွေမှာ တွေ့ရတဲ့ ဖီနောလို ဓာတ်တွေဟာ လူကေးမီးယားသွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီးကင်ဆာတို့လို ကင်ဆာတွေကိုတွန်းလှန်ပေးနိုင်ပါတယ်။ဂျပန်၊ မီဂျိုးတက္ကသိုလ်ရဲ့လေ့လာမှုအရပျဉ်းတော်သိမ်ရွက်ကရတဲ့ ကာဘဇိုးအယ်လ်ကာလွိုက်တွေမှာကင်ဆာကိုတွန်းလှန်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိကြောင်းသိရပါတယ်။

၁၃။ကင်ဆာကုသရာတွင် သက်သာစေခြင်း

ကင်ဆာဆေးသွင်းကုသမှု၊ ဓာတ်ရောင်ခြည်သုံးပြီး ကုသမှု၊ ကိုယ်တွင်းမှာဖရီးရယ်ဒီကယ်တွေကြောင့်ထိခိုက်မှုမဖြစ်အောင်ကာကွယ်မှုတွေ ပြုလုပ်နေစဉ်မှာပျဉ်းတော်သိမ်ရွက်အနှစ်ကိုစားပေးရင် ကောင်းမွန် တဲ့အကျိုးရလဒ်တွေကို ရရှိစေကြောင်းလေ့လာမှုတွေက ဆိုပါတယ်။

၁၄။ပိုးမွှားကူးစက်မှုကို တွန်းလှန်ပေးနိုင်ခြင်း

ပျဉ်းတော်သိမ်ရွက်ဟာ ဘက်တီးရီးယားနဲ့ ဖန်းဂပ်စ်မှိုပိုး ကူးစက်မှုတွေကိုတွန်းလှန်ပေးနိုင်တဲ့ အစွမ်းရှိကြောင်းလေ့လာမှုအရ သိရပါတယ်။ ပျဉ်းတော်သိမ်အရွက်အနှစ်ဟာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းလို အာနိ သင်ပေးနိုင်ပါတယ်။

၁၅။အသည်းကို ကာကွယ်ပေးခြင်း

အသည်းဟာ အစာခြေလမ်းကြောင်းစနစ်မှာ အဓိက အခန်းကဏ္ဌမှ ပါဝင်နေပြီး ဖရီးရယ်ဒီကယ်၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတိုက်ခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာပါတဲ့တန်နင်နဲ့ ကာဘဇိုး အယ်လ်ကာလွိုက်တွေဟာ အသည်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိကြောင်း လေ့လာမှုအရ သိရပါတယ်။

၁၆။အသားအရေ လှစေခြင်း

ပျဉ်းတော်သိမ်ရွက်ဟာ အသားအရေ လှပအောင် ကူညီနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်အရည်ဒါမှမဟုတ်အနှစ်သားကိုမီးလောင်ဒဏ်ရာ၊ပြတ်ရှရာ၊အရေပြားစုတ်ပြဲဒဏ်ရာ၊ ပိုးကောင်ကိုက်ရာ စတာတွေပေါ် သုတ်လိမ်းပေးပါကမြန်မြန်ဆန်ဆန် သက်သာစေပါတယ်။

မြန်မာ့ဆေးကျမ်းများအရ အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ်သုံး၏။အရွက်ကို များစွာစားပါက၀မ်းကိုသက်စေသည်။နို့ရည်ထဲတွင်ထိုအရွက်ကိုထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည်။အရွက်ကိုသွေးဆေး၊လေဆေးဖော်စပ်ရာတွင်အသုံးပြု၏။

Credit…Original Writer

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *