“စိတ်မနှံ့တဲ့ မိခင်မှတစ်ရက်သားကလေးအားစွန့်ပစ်သွားလို့ခိုင်နှင်းဝေထံသို့မွေးစားဖို့ဆက်သွယ်လာ”




သရုပ်ဆောင် ခိုင်နှင်းဝေကတော့ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊အကြောင်းအမျိုးမျိုးကြောင့်




မိဘ စောင့်ရှောက်မှုမပေးနိုင်တဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ကလေးငယ်တွေစောင့်ရှောက်ရုံမက




ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်လည်း လိုအပ်တဲ့ ကူညီမှုတွေအများကြီးကိုလည်း အားသွန်ခွန်စိုက် ပရဟိတတွေလုပ်ပေးနေတဲ့စိတ်ထားမွန်မြတ်တဲ့မင်းသမီးတစ်ယောက်ဆိုတာပရိတ်သတ်ကြီးအသိပါပဲနော်။




အခုမှာလည်း မော်လမြိုင် ဘက်က ရွာလေးတစ်ရွာမှ ရပ်ရွာလူကြီးများမှ မင်းသမီးခိုင်နှင်းဝေကိုအကူအညီတောင်းခံလာတာပဲဖြစ်ပါတယ်။
စိတ်မနှံ့တဲ့အမျိုးသမီးတစ်ဦးကဇရပ်တစ်ခုမှာကလေးကိုမွေးဖွားပြီး ထားခဲ့တာကြောင့် ရွာထဲမှလူများက ခေါ်ယူစောင့်ရှောက်ထားရာကနေ




ခိုင်နှင်းဝေထံ မွေးစားဖို့ဆက်သွယ်လာကြောင်းသိရပါတယ်။”စိတ်မကောင်းစရာပါရှင်။အမေက စိတ်မနှံ့ပဲဇရပ်မှာမီးဖွားပြီးထားခဲ့တဲ့အတွက်

ရွာထဲမှ လူများခေါ်ယူစောင့်ရှောက်ထားရတဲ့သားလေးကိုကျမဆီမွေးစားဘို့ပေးချင်ကြောင်းဆက်သွယ်လာပါတယ်.။




သားလေးက တရက် သားပဲ ရှိပါသေးတယ်။ကျမရဲ့ Post ကို မြင်ပြီး သက်ဆိုင်သူများ ရှိပါက လာရောက် ဆက်သွယ်နိုင်ပါတယ်.။
ရွာမှ လူများကလဲ အရမ်းရိုးသားပြီး ကျမကိုယ်တိုင်လာခေါ်ပေးပါရန် အကူအညီတောင်းခံထားတဲ့အတွက်

အမှန်တကယ်အုပ်ထိန်းသူမရှိကြောင်းမှန်ကန်ပါကခေါ်ယူမွေးစားပါမယ်ရှင်.။




မော်လမြိုင် မုဒုံမြို့နယ်ဘက် ရွာလေးမှ ဖြစ်ပါတယ်ရှင်.”လို့ ခိုင်နှင်းဝေက လူမူကွန်ယက်မှာရေးသားထားပါတယ်။
source by khine hnin wai