အိမ်တွင်းပစ္စည်းများနဲ့သွားကိုက်ခြင်းကိုသက်သာစေမည့်ကုသနည်း(၇)နည်း

အိမ်တွင်းပစ္စည်းများနဲ့သွားကိုက်ခြင်းကိုသက်သာစေမည့်ကုသနည်း(၇)နည်း

သွားကိုက်နေလို့ ဆေးခန်းသွားဖို့ အဆင်မပြေဘူးဆိုရင် လွယ်လွယ်ကူနဲ့မိမိတို့အိမ်မှာ ရှိတဲ့ အိမ်တွင်းပစ္စည်းများအသုံးပြုပြီး သွားကိုက်ခြင်းကိုသက်သာစေသောနည်းလမ်းများကိုမျှဝေပေးလိုက်ပါတယ်ရှင့်

၁။ဆားပြုတ်ရည်-ဆားသည်သဘာဝပိုးသတ်ဆေးတစ်လက်ဖြစ်ပြီးသွားကိုက်ခြင်းအတွက်လွယ်ကူပြီးအစွမ်းထက်သောနည်းတစ်မျိူးဖြစ်ပါတယ်။ဆားစားပွဲတင်ဇွန်းတစ်ဝက်ကို ရေနွေးတစ်ခွက်ထဲသို့ထည့်ပါ။ထို့နောက်ပလုတ်ကျင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါပြီ။ သွားကိုက်ခြင်းကိုသက်သာစေပြီးသွားဖုံးယောင်ခြင်းနဲ့လည်ပင်းနာခြင်းကိုပါသက်သာစေပါတယ်။

၂။ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်-သွားချေးများကို ပြောင်စေစေပြီး သွားဖုံးသွေးယိုခြင်းကိုပါ သက်သာစေပါတယ်။ ၃%ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၅စက်ခန့်ကို ရေ ၅၀ ml တွင်ရောပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါတယ်။

၃။လးညင်းဆီ- ရှေးနှစ်ပေါင်းများစွာကပင်လေးညင်းကိုသွားကိုက်ခြင်းအတွက်အသုံးပြုခဲ့ကြပါတယ်။လေးညင်းမှာeugenolဆိုတဲ့သဘာဝပိုးသတ်ဆေးတစ်မျိူးပါဝင်တဲ့အတွက် သွားကိုက်စေသောပိုးများကိုသေစေပါတယ်။ လေးညင်းပွင့်အနည်းငယ်ကိုဝါးစားခြင်းသွားပိုးပေါက်ပေါ်တွင်အုံပေးခြင်း၊လေးညင်းဆီကိုအစက်ချပေးခြင်း ပြုလုပ်နိုင်ပါတယ်။

၄။ရခဲကပ်ခြင်း- ဘယ်လိုနာကျင်မှုမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ရေခဲတုံးများကို ပလတ်စတစ်အိတ်တွင် ထည့်ပြီး အဝတ်စဖြင့် ဖုံးအုပ်ပါ။သွားကိုက်သော နေရာပေါ်သို့ ၁၅မိနစ်ခန့် ကပ်ပေးပါ။သွားကိုက်ခြင်းအပြင် သွားဖုံးရောင်ခြင်းကိုလဲ သက်သာစေတယ်နော်။

၅။ကြက်သွန်ဖြူ-ကြက်သွန်ဖြူကိုထောင်းပြီးသွားကိုက်သောနေရာပေါ်အုံပေးခြင်းသို့မဟုတ်ဝါးစားခြင်းကိုပြုလုပ်ပေးပါ။သွားကိုက်မပျောက်မချင်းအသုံးပြုနိုင်ပါတယ်။

၆။မာလကာရွက်-သွားနာခြင်းအပြင်ပါးစပ်အနာများနဲ့သွားဖုံးရောင်ခြင်းကိုလဲသက်သာစေပါတယ်။အရွက်အနည်းငယ်ကိုဝါးစားခြင်းသို့မဟုတ်ရေနွေးဆူဆူတွင်မာလကာရွက်ကိုထည့်ပြုတ်ပြိးအအေးခံထားပါ။ထို့နောက်ဆားအနည်းငယ်ထည့်ပြီးထိုအရည်ဖြင့်ပလုတ်ကျင်းပေးပါ။ပိုးသတ်အာနိသင်အပြင် ယောင်ယမ်းခြင်းကိုသက်သာစေသောအာနိသင်လဲရှိပါတယ်။

၇။ကြက်သွန်နီ-ကြက်သွန်နီဟာသွားကိုက်ခြင်းဖြစ်စေသောပိုးမွှားများကိုသေစေသောအာနိသင်ရှိပြီးနာကျင်မှုကိုသက်သာစေပါတယ်။အကောင်းဆုံးနည်းကတော့ကြက်သွန်ဖြူကိုပါးပါးလှီးပြီး အနာရှိသောဘက်ဖြင့် ဝါးစားပါ။တကယ်လို့သွားတအားနာကျင်ပြီးဝါးမစားနိုင်ပါကကိုက်နေသောသွားအပေါ်သို့ကြက်သွန်နီကို လက်ဖြင့်ဖိအုံပေးပါ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *