ပရိတ်သတ်တွေအတွက် အားပေးစကားပြောလိုက်တဲ့အောင်မင်းခန့်




ပရိတ်သတ်ကြီးရေ သရုပ်ဆောင်အောင်မင်းခန့်ကို တော့အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်နော်..




MRTV 4 မှ စတင်ထုတ်လွတ်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲ တော်တော်များများဟာ အောင်မင်းခန့်မပါတဲ့ကားမရှိသလောက်ပါပဲနော်….




သူဇာတ်လမ်းလေးတိုင်းလည်း ပရိတ်သတ်တော်တော်များများအားပေးချစ်ခင်မှုကိုရခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်…




လက်ရှိမှာလည်း mrtv4 ည(၇)နာရီမှာပြသနေတဲ့ဇာတ်တွဲထဲမှာလည်း အောင်မင်းခန့်က နေသူရဆိုတဲ့နာမည်နဲ့ အဓိကပါ၀င်သရုပ်ဆောင်ထားပြန်တာလည်းတွေရပါတယ်။




ပရိတ်သတ်ကြီးရဲ့အချစ်တော် အောင်မင်းခန့်ကတော့ဒီနေ့မှာ သူ၏ချစ်ပရိတ်သတ်ကြီးအတွက် အားပေးစကားလေးကို လူမှုကွန်ယက်မှာအခုလိုမျှဝေပေးထားပါတယ်။
“အားလုံးပဲ မင်္ဂလာပါ…နေကောင်းကျန်းမာကြလားဗျ။အားလုံးနေကောင်းကျန်းမာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။




အခုကာလမှာ ကိုယ်ခံစွမ်းအားကောင်းဖို့အတွက်အာဟာရရှိတဲ့အစားအစာတွေများများစား အချိန်မှန်မှန်စား အချိန်မှန်မှန်အိပ်ကြပါနော်။
ကျွန်တော်ကတော့အိမ်မှာနေရင်း အားကစားတွေ workout တွေရအောင်လုပ်ဖြစ်ပါတယ်




အားကစားလုပ်တာက ကျန်းမာရေးအတွက်လဲကောင်းသလို ဒီကာလမှာ motivation တခုအနေနဲ့လဲ ကျွန်တော်ကစားဖြစ်တာပါ…

အားကစားပစ္စည်းတွေနဲ့ ၀တ်စုံတွေကိုတော့ အရည်အသွေးကောင်းပြီး သုံးလို့အဆင်ပြေတဲ့ထိုင်းနိုင်ငံထုတ်ပစ္စည်းတွေကို သုံးဖြစ်ပါတယ်




ပရိတ်သတ်ကြီးကိုလဲ အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှားတဲ့ အားကစားတွေလုပ်ဖို့တိုက်တွန်းချင်ပါတယ်။

အားလုံး ဒီကာလမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။ဒီရောဂါကြီးကိုကျွန်တော်တို့အားလုံး အတူတူကျော်လွှားကြမယ်။




ဒီကာလကြီးပြီးသွားရင် အားလုံးပြန်ဆုံတွေ့ကြမယ်ဗျာ။အားလုံး Fighting Fighting ပါ။” ဆိုပြီး

ရေးသားထားလေးနဲ့ သူ၏အားကစားလုပ်နေတဲ့ပုံလေးတစ်ချို့ကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
photo by Aung Min Khant